Social Icons

Pages

Monday, November 11, 2013

မုံရွာမြို့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ပြုပြင်ပေး


မုံရွာပြည်သူ့ဆေးရုံကြီးတွင်
 နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ် ကုသပေးကြောင်း တွေ့ရစဉ်

မုံရွာ ၊ ၁၁-၁၁-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် မန္တလေး အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံး တို့၏ စီစဉ် ဆောင်ရွက် မှုဖြင့် မုံရွာမြို့ ၊ ပြည်သူ့ ဆေးရုံကြီးတွင် နိုဝင်ဘာ ၁ဝ ရက် နေ့မှစ၍ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် များကို အိန္ဒိယနိုင်ငံ ချင်းနိုင်း Smile Train အဖွဲ့မှပညာရှင် များနှင့် မုံရွာ ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီး များ ပူးပေါင်းကာ ခွဲစိတ် ပြုပြင် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ Smile Train အခြေစိုက် ရာမှာ အမေရိကန် ပြည်ထောင်စု တွင်ဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် (၁၁၈)ဖွဲ့ ရှိကာ ယခု လာရောက်သည့် အဖွဲ့မှာ ချင်းနိုင်းမြို့မှ အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၄င်းအဖွဲ့တွင် ခွဲစိတ် ဆရာဝန် (၄)ဦး ၊မေ့ဆေး ဆရာဝန် (၂)ဦး နှင့် သူနာပြု (၅)ဦး စုစုပေါင်း (၁၁)ဦး ပါဝင်သော အဖွဲ့နှင့် မုံရွာ ပြည်သူ့ဆေးရုံမှ ဆရာဝန်များ ပူးပေါင်း၍ ခွဲစိတ် ပြုပြင်ပေးခြင်း ဖြစ်ရာ နိုဝင်ဘာ ၁ဝ ရက်နေ့တွင် (၂၁)ဦး ခွဲစိတ် ပြုပြင် ပေးခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်အထိ နေ့စဉ် ဆက်လက် ခွဲစိတ် ပြုပြင်ပေး သွားမည် ဖြစ်သည်။ ခွဲစိတ် ပြုပြင် ပေးစဉ်ကာလ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် လူနာနှင့် စောင့်ရှောက် သူတို့ကို နံနက် / ညစာ အတွက် စားသောက် ဖွယ်ရာများ ဝေငှ ပေးဝေလျက် ရှိကြောင်း သိရသည်။

အဆိုပါ ခွဲစိတ် ပြုပြင်ရာတွင် မုံရွာမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး က " စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် တွေကို အခမဲ့ ခွဲစိတ်ပြုပြင် ပေးနေတာပါ အခုလို ခွဲစိတ်ကုသ ပေးလိုက် ခြင်းကြောင့် သူတို့လေး တွေရဲ့ ဘဝဟာ များစွာ ပြောင်းလဲသွားပါတယ် ၊ ဘဝ မျှော်လင့်ချက် တွေ လူမှုစီးပွား ဘဝ တိုးတက်လာပြီး လူတောတိုး နိုင်လာတဲ့ အတွက်များစွာ အကျိုး ကျေးဇူးရှိကာ အသုံးဝင်တဲ့ သူတစ်ဦး ဖြစ်လာပါတယ် ၊ ဝေဒနာရှင်များ အနေနဲ့ ဘာမှ စိုးရိမ်စရာ မလိုဘဲ ကျန်းမာရေး ဌာနကို ဆက်သွယ်ပါက ကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ် . . .  " ဟု ပြောကြားသည်။




စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကင်းစင်သော မြန်မာနိုင်ငံ တော်ဆီသို့ ဟူသည့် ရည်မှန်းချက် နှင့် အညီ ၂ဝ၁၂ ခုနှစ်မှ ယနေ့အထိ ဂျာမနီနိုင်ငံ ၊ အိန္ဒိယနိုင်ငံ နှင့် ပြည်တွင်းရှိ ကျန်းမာရေး ဆရာဝန်များ ၊ ပညာရှင်များ က နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ (၂၅၇)ဦး ကို ခွဲစိတ်ပြုပြင် ဘဝအလှဆင် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...