မုံရွာ ၊ ၁၄-၁၁-၂ဝ၁၃
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ယင်းမာပင်
မြို့နယ်ရှိ သမိုင်းဝင် ဖိုလ်ဝင်တောင် ဘုရားပွဲတော် ကို နိုဝင်ဘာ ၁ဝ ရက်မှ ၁၇ ရက်အထိ
စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက် ရှိကြောင်း သိရသည်။
ယင်းမာပင်မြို့ ၏အရှေ့ဘက် ၈ မိုင်အကွာ
ပင်လယ်ရေ မျက်နှာပြင် အထက် ၉၆ဝ ပေတွင်ရှိသော သမိုင်းဝင် ဖိုလ်ဝင်တောင် တွင် အဓိက တောင်ကြီးလေးလုံး
ရှိရာ ဖိုဝင်တောင် ၊ ဖန်ခါးတောင် ၊ စားဖိုတောင် နှင့် ရွှေဘတောင် တို့ဖြစ်ပြီး ထိုတောင်များ
ပေါ်တွင် သဘာဝ လှိုဏ်ဂူများ ၊ ဘုရားစေတီများ ၊ ကျောက်ဆစ် လက်ရာများ ၊ ဆေးရေး ပန်းချီများ
စသည့် ရှေးမြန်မာတို့၏ အနုလက်ရာများ ၊ လက်မှုပညာ အမွေအနှစ် များကို တစ်နေရာတည်း လေ့လာ
နိုင်ကြောင်း သိရသည်။
ဖိုလ်ဝင်တောင် ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက " ဘုရားပွဲတော်ကို တန်ဆောင်းမုန်း လဆန်း ၈ ရက်မှ ၁၇ ရက်နေ့ အထိ ကျင်းပမှာပါ
၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများကို စိတ်ချမ်းမြေ့စွာ လာရောက် လေ့လာနိုင်အောင်
စီစဉ်ထားပါတယ် ၊ ဒေသခံ တောင်သူများက ဘုရားပွဲလာရင်း ဖိုလ်ဝင် တောင်တော်ရှင်မ ကို ပူဇော်ပသ
ကြပါတယ် ၊ ကောက်ပဲသီးနှံ ၊ ဆန်ရေစပါး ပေါများပြီး စီးပွာရေး တိုးတက်တယ်လို့ အယူရှိ
ကြပါတယ် ၊ ဘုရားပွဲတော် ကာလအတွင်း မိသားစုလိုက် လာရောက်ကြကာ ချက်ပြုပ် စားသောက်၍ ဘုရားပွဲဈေး
အတွင်း လည်ပတ်ကြ ပါတယ် . . " ဟု ပြောကြားသည်။
ဖိုလ်ဝင်တောင် သည် ယင်းမာပင် ၊ ဆားလင်းကြီး
နှင့် ပုလဲမြို့နယ် များနှင့် ဆက်စပ် နေခြင်းကြောင့် ဒေသခံ ပြည်သူများသည် ပေါင်းမိုးလှည်း
များပေါ်တွင် စားအိုးစားခွက် များတင်ကာ ဘုရားပွဲသို့ မိသားစုလိုက် လာရောက်၍ အစုအဖွဲ့
အလိုက် လာရောက် ကြသဖြင့် လည်းကောင်း ၊ အနယ်နယ်
အရပ်ရပ်မှ ဘုရား လေ့လာသူများ ကြောင့် စည်းကား လျှက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment