Social Icons

Pages

Thursday, November 14, 2013

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု ပြည်တွင်း ပြည်ပသို့ တင်ဒါခေါ်ယူမည်



ရန်ကုန် ၊ ၁၄-၁၁-၂၀၁၃

ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်မှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများသို့ တင်ဒါ ခေါ်ယူ သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း နှင့် ရထား တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်လျက် ရှိရာ ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ အတွက်လည်း ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ က စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်း နှင့် တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဝန်ကြီး ဌာနမှ လုပ်ဆောင် နေခြင်းဖြစ်ပြီး ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက် လာစေရန် အများ ပြည်သူ ရထားစီးနင်းမှု ပိုမို လာစေရန် ရည်ရွယ် လုပ်ဆောင် နေခြင်း ဖြစ်ပြီး ရထားပိုင် မြေများ ၊ ရထားဘူတာရုံ များနှင့် ရန်ကုန် ဘူတာကြီး ကဲ့သို့ မြေဧရိယာ ကျယ်ဝန်းသော နေရာ များတွင် ဘူတာ အဆင့်မြှင့် တင်ခြင်း အပြင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် ဈေးဝယ် စင်တာများ ၊ ဟိုတယ်များ ၊ အဆင့်မြင့် လူနေ တိုက်ခန်းများ အပါအဝင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံ များ ဆောင်ရွက်ရန် စိတ်ဝင်စားသူများ ရှိကြောင်း သိရသည်။

လက်ရှိ ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ခရီးလမ်းကြောင်း အများစု အရှုံးပေါ်လျက် ရှိရာ ယင်းကဲ့သို့ စီးပွားရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စေရန် အရှုံးပေါ် နေသော လုပ်ငန်းများ ပြန်လည် ကာမိစေရန် ဝင်ငွေပြန်လည် ရှာဖွေ ပေးသွားမည် ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန် ရှိသူ တစ်ဦးထံက သိရသည်။


ထို့ကြောင့် ရန်ကုန် ဘူတာကြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ အတွက် ပြည်တွင်း ပြည်ပ သို့ မကြာမီ တင်ဒါ ခေါ်ယူမည် ဖြစ်ရာ လက်ရှိတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့က စိတ်ဝင်စားလျက် ရှိပြီး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း ၊ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...