Social Icons

Pages

Tuesday, November 12, 2013

တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့ တန်ပြန်အကြမ်းဖက် စစ်ရေး လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခဲ့



ဂျကာတာ ၊ ၁၂-၁၁-၂၀၁၃

တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံ လေကြောင်းချီ တပ်ဖွဲ့များသည် Sharp Knife Ari-borne 2013 အမည်ရှိ တန်ပြန် အကြမ်းဖက် စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာ ၁၁ ရက်တွင် လေ့ကျင့် ပြီးစီး ခဲ့ကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို အင်ဒိုနီးရှား နိုင်ငံ အနောက် ဂျာဗားပြည်နယ် Bandung မြို့တွင် ရက်သတ္တ တစ်ပတ်ကြာ ကျင်းပ ပြုလုပ် ခဲ့ကြောင်း ၊ စစ်ရေး လေ့ကျင့်ခန်းတွင် လေကြောင်းမှ ဆင်းသက်ခြင်း ၊  အနီးကပ် တိုက်ခိုက်ခြင်း ၊ ပစ်ခတ်ခြင်း ၊ အတားအဆီးများ ဖြတ်ကျော်ခြင်း ၊ အကြမ်းဖက် သမားများ ရှာဖွေခြင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အပါအဝင် ကျည်စစ် ကျည်မှန်များ အသုံးပြု လေ့ကျင့် ခဲ့ကြောင်း သိရသည်။


အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပိတ်ပွဲ အခမ်းအနား သို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ လေတပ် ဦးစီးချုပ် ချန်ဒုံ နှင့် အင်ဒိုနီးရှား အမျိုးသား တပ်မတော်မှ ဒုတိယ လေတပ် ဦးစီးချုပ် ဆန်နာရို တို့ တက်ရောက် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် နှင့် တန်ပြန် အကြမ်းဖက် တိုက်ခိုက်ရေး တပ်ဖွဲ့များ၏ စွမ်းရည် ပိုမို တိုးတက်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...