Social Icons

Pages

Saturday, October 19, 2013

ဓာတ်ပုံဆရာ Richard K Diran မြန်မာနိုင်ငံတွင် ပြသခဲ့သော ဓာတ်ပုံများကို ဆွီဒင်နိုင်တွင် ပြသမည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၃

မြန်မာနိုင်ငံ ရှိ Inya Lake Hotel တွင် စက်တင်ဘာ ၂၈ ရက်က အမေရိကန် လူမျိုး Richard K Diran က The Vanishing Tribes of Burma အမည်ဖြင့် ဓာတ်ပုံ ပြပွဲကို ပြသခဲ့သော ဓာတ်ပုံများကို ဆွီဒင်နိုင်ငံရှိ Stockhom  ၌ ၂ဝ၁၄ ခုနှစ် မတ်လတွင် ၃ ရက်ကြာ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အင်းယားလိတ် တွင် ပြသခဲ့သော ပုံ ၇ဝ ကို အမျိုးသား ပြတိုက်၌ လှူဒါန်းခဲ့ပြီး အဆိုပါ ဓာတ်ပုံနည်းတူ ဓာတ်ပုံ ၇၀ ကို မိတ္တူပွားကာ ဆွီဒင်နိုင်ငံ တွင်ထပ်မံ ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ပုံ ၇ဝ ကိုလည်း ဆွီဒင် နိုင်ငံပြတိုက် တစ်ခုခုမှာ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံဆရာ Richard K Diran သည် နှစ်ပေါင်း သုံးဆယ်ခန့် မြန်မာပြည် အရပ်ရပ်ရှိ မြန်မာ တိုင်းရင်းသား လူမျိုးများ၏ ဓာတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးခဲ့ရာမှ အကြိုက်ဆုံး ဓာတ်ပုံ ၇ဝ ကို ပြသခဲ့ပြီး တိုင်းရင်းသား လူမျိုးပေါင်း ၄ဝ ခန့် ပါဝင်ကြောင်း သိရသည်။ ဓာတ်ပုံ များသည် တိုင်းရင်းသား လူမျိုးများ၏ နေထိုင်မှု ပုံစံ ၊ ဝတ်ပုံစားပုံ များကို အဓိက ရိုက်ကူး ထားခြင်း ဖြစ်သည်။


ဆွီဒင်နိုင်ငံ တွင် ပြသမည့်ပွဲကို မြန်မာနိုင်ငံရှိ Ar Yone Oo Social Development Association အဖွဲ့နှင့် Swedish Peace and Arbitration Society အဖွဲ့တို့ ပူးပေါင်းကာ သုံးရက်ကြာ ပြသ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...