Social Icons

Pages

Friday, October 4, 2013

မြန်မာနိုင်ငံ တွင် ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ် လူဦးရေ ၂၀၀ ကျော် သေဆုံးမှု ရှိဟု တရားဝင် ထုတ်ပြန်


ရန်ကုန် ၊ ၄-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ် လူဦးရေ ၂၀၀ ကျော်ခန့် သေဆုံးမှုများ ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ၏ တရားဝင် သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ခွေးရူးပြန် ရောဂါသည် Rabics ဟုခေါ်သော ဗိုင်းရပ်စ်ပိုး တစ်မျိုး သင်ဆောင် လာသည့် တိရစ္ဆာန် ၏သွားရည် မှ တစ်ဆင့် ဖြစ်ပွားသော ရောဂါ ဖြစ်ကြောင်း ၊ ရောဂါပိုး ကူးစက်ခံ ရပါက ဦးနှောက် နှင့် အာရုံကြော သို့ ရောက်ပြီး ရောဂါ လက္ခဏာ ပြသလေ့ ရှိကြောင်း ၊ မြန်မာနိုင်ငံ တွင် ခွေးရူးပြန် ရောဂါ ကျဆင်းရေး အတွက် တိရစ္ဆာန် များကို ကာကွယ်ရေး ထိုးပေးခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

" ခွေးရူးပြန် ရောဂါပိုး စစ်ဆေး ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ အများကြီး ရှိဖို့လို အပ်ပါတယ် ၊ လက်ရှိ ဆောင်ရွက် နေပုံနဲ့ လေ့လာမှု တွေက တိကျတဲ့ အဖြေ အကုန်လုံး ရရှိပြီလို့ မဆိုနိုင် သေးဘူး ... " ဟု တိရစ္ဆာန် ကျန်းမာရေး ပါမောက္ခ ဒေါက်တာ တစ်ဦးက ပြောကြား ခဲ့သည်။ ကမ္ဘာပေါ်တွင် ခွေးရူးပြန် ရောဂါသည် ၁၅ မိနစ်လျှင် တစ်ဦးခန့် သေဆုံးမှု ဖြစ်ပွား စေသောကြောင့် ကြိုတင် ကာကွယ်မှု ဆိုင်ရာများ လုပ်ဆောင် လာကြကြောင်း ၊ မြန်မာနိုင်ငံ တွင် လည်း ခွေးရူးပြန် ရောဂါကြောင့် ၂ဝ၁ဝ ပြည့်နှစ်က လူဦးရေ ၂၀၅ ဦး သေဆုံး ခဲ့ရာမှ ၂၀၁၁ ခုနှစ်က သေဆုံးသူ ၂၄ဝ အထိ မြင့်တက် ခဲ့ကြောင်း ၊ ယင်းအတွက် ကျန်းမာရေး အရ အထူး သတိထားဖွယ် ဖြစ်လာသော ရောဂါဆိုး တစ်ခုဖြစ်ပြီး ရောဂါ ဖြစ်ပွားပါက သေဆုံးမှု ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။


မြန်မာနိုင်ငံ တွင် ခွေးရူးပြန် ရောဂါပိုး ရှာဖွေ စစ်ဆေး ပေးသည့် ဓာတ်ခွဲခန်းများ ကို ရန်ကုန်တိုင်း ဒေသကြီး ရှိ အင်းစိန်မြို့နယ် ၊ မန္တလေးတိုင်း ဒေသကြီး ရှိ စဥ့်ကိုင်မြို့နယ် များ၌ ထားရှိ၍ တစ်နိုင်ငံလုံး အတိုင်း အတာ ရောဂါ ပျံ့နှံ့မှုအား လေ့လာလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...