ရန်ကုန် ၊ ၁၇-၁၀-၂၀၁၃
မြန်မာနိုင်ငံ သည် ယခုနှစ်တွင် နိုင်ငံတကာ
ခရီးသွား ဧည့်သည် ၀င်ရောက်မှု မှာ ၁ ဒသမ ၈ သန်းအထိ ရှိကြောင်း စက်တင်ဘာလ ၏ စာရင်းများ
အရ သိရသည်။ ယခုနှစ် အတွင်း ခရီးသွား ဧည့်သည် လာရောက်မှု များသည် ယခင်နှစ်ထက် ထက်ဝက်ခန့်
တိုးတက် လာကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ယခင်နှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံ
သို့ လာရောက် လည်ပတ်ခဲ့သော ခရီးသွား ဧည့်သည်များ မှာ ၁ ဒသမ ၀၄ သန်းရှိပြီး ယခုနှစ်တွင်
ယခင်နှစ် ကထက် ပိုမို ၀င်ရောက် လာသော ခရီးသွား ဧည့်သည်များကို လုံခြုံမှု အကာအကွယ် ပေးနိုင်မည့်
နည်းလမ်း များကို ရှာဖွေပြီး ခရီးသွားများ စိတ်ချမ်းသာ စေရန် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း
ဟိုတယ် နှင့် ခရီးသွား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး က ပြောကြား ခဲ့သည်။
ပြည်တွင်း ခရီးသွား လုပ်ငန်းများ တိုးတက်
လာစေရန် အတွက် နိုင်ငံသားတိုင်း တွင် ဧည့်ဝတ် ကျေပွန်ရမည့် တာဝန်ရှိပြီး တိုင်းပြည်
၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြည်တွင်း ငြိမ်းချမ်းမှု များသည်လည်း
အရေးကြီးသည်။ ပြည်တွင်း ငြိမ်းချမ်းမှုများ မရရှိ ပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ
သူများ သည်လည်း အယုံအကြည် မရှိဘဲ နိုင်ငံ့ စီးပွားရေး ကို နှောင့်နှေး စေမည် ဖြစ်သည်။
ပြည်တွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန် အတွက် မြန်မာနိုင်ငံ သည် ယဉ်ကျေးမှု
များကို အခြေခံသော သဘာဝ ခရီးသွား လုပ်ငန်းများဖြင့် နိုင်ငံတကာ ခရီးသွားများ ပိုမို
လာရောက်ရန် နှင့် ယင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန် အတွက်လည်း ပြည်တွင်း
အထိမ်းအမှတ် နေရာများ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ပြင်ဆင် ဆောင်ရွက် မှုများလည်း
ပြုလုပ် ကြရမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment