Social Icons

Pages

Thursday, October 17, 2013

ဖိလစ်ပိုင်တွင် ငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူ ၁၄၄ ဦးအထိ မြင့်တက်


မနီလာ ၊ ၁၇-၁၀-၂၀၁၃

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ပြင်းအား ပမာဏ ၇ ဒသမ ၂ ရစ်ခ်ျတာစကေး ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့မှုကြောင့် ယခုအခါ သေဆုံးသူ ဦးရေသည် ၁၄၄ ဦးအထိ မြင့်တက် ခဲ့ကြောင်း နိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေး ဌာနက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။


ထို့ပြင် ၄င်းငလျင် လှုပ်ခတ်မှုကြောင့် ဘိုဟိုးလ် ပြည်နယ်မှ လူ ၁၆၆ ဦးနှင့် စီဘူး ပြည်နယ်မှ လူ ၁၀၆ ဦး အပါအ၀င် လူ ၂၇၆ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ အလားတူ ပြည်နယ် သုံးခုမှ ဒေသခံ ၂ ဒသမ ၈၄ သန်း အပါအ၀င် မိသားစုဝင် ၅၅၈၃၉၀ သန်းခန့် ငလျင်ဒဏ် ခံစား ရလျက်ရှိပြီး ၄င်း ပြည်နယ် များအတွင်း လျှပ်စစ် ဓာတ်အားလိုင်း များလည်း ပြတ်တောက် ခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...