Social Icons

Pages

Friday, October 11, 2013

အစ္စရေး စစ်ဘက် စစ်ရေးလေ့ကျင့်ခန်း တစ်ခုတွင် အမြောက်ဆန် ၁ဝဝ ကျော်ပစ်လွှတ်


တဲယ်လ်အဗစ် ၊ ၁၁-၁၀-၂၀၁၃

အစ္စရေး စစ်ဘက်သည် ဂိုလန်ကုန်းမြင့် အရှေ့ဘက်နှင့် Shebaa Farms ဒေသတို့တွင် ကျည်စစ် ကျည်မှန်များ အသုံးပြုသော စစ်ရေး လေ့ကျင့်ခန်း တစ်ခု ပြုလုပ်ခဲ့ပြီး အကြီးစား အမြောက်ဆန် ၁ဝဝ ကျော် ပစ်ခတ် ခဲ့ကြောင်း အောက်တိုဘာ ၁ဝ ရက် အင်တာနက် သတင်း တစ်အရပ်အရ သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းမှ လက်နက်ခဲယမ်း ပေါက်ကွဲသံ များကို အိမ်နီးချင်း နယ်စပ် မြို့များမှ ကြားရကြောင်း နှင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း သည် အလွန် ကြီးမားကြောင်း လက်ဘနွန် အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖော်ပြခဲ့သည်။ ဂိုလန် ကုန်းမြင့်ရှိ Zaoura နှင့် Amfit နယ်မြေ တို့တွင် တပ်ဖြန့် ချထားသည့် ၁၅၅ မီလီမီတာ အကြီးစား အမြောက်များဖြင့် Shebaa Farms ရှိ လွင်ပြင်များနှင့် အတွင်းပိုင်း နေရာများသို့ ပစ်လွှတ် ခဲ့ကြောင်း သိရသည်။


အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် မြေပြင် တပ်ဖွဲ့ဝင်များ ၊ လေတပ် တပ်ဖွဲ့ဝင်များ ၊ အမြောက် တပ်မတပ် ဖွဲ့ဝင်များ ၊ သံချပ်ကာယာဉ် များနှင့် Merkava တင့်ကားများ ပါဝင် လေ့ကျင့်ခဲ့ ကြောင်းနှင့် စစ်ရေး လေ့ကျင့်ခန်း စတင် ဆောင်ရွက် သည်နှင့် တစ်ပြိုင်နက် Shebaa Farms နှင့် ဂိုလန် ကုန်းမြင့် ဒေသအပေါ် အစ္စရေး ရဟတ်ယာဉ်များ ၊ မောင်းသူမဲ့ လေယာဉ်များ နှင့် အမျိုးမျိုးသော လေယာဉ်များ ပျံသန်း ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...