Social Icons

Pages

Friday, October 11, 2013

သမိုင်းဝင် မြသလွန် ဘုရားပွဲတော် ကျင်းပမည်



မကွေး ၊ ၁၁-၁၀-၂၀၁၃

မကွေးမြို့ ကျက်သရေဆောင် သမိုင်းဝင် မြသလွန် စေတီတော် မြတ်ကြီး၏ ၂၅၇၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီက ဆိုင်းဘုတ် တင်ခဲ့ကြောင်း သိရသည်။

နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် အနယ်နယ် အရပ်ရပ် မှ ဘုရားဖူးလာ ပြည်သူများ ၊ ပစ္စည်း အမျိုးမျိုး ရောင်းချသော ဆယ့်နှစ်ပွဲ ဈေးသည်များ စုံလင်စွာ ရောက်ရှိ လာပြီ ဖြစ်၍ ပွဲတော် ကျင်းပရေး ကော်မတီ မှ ဆိုင်ခန်း ပေးလျက် ရှိပြီး ဖွင့်ပွဲကို အောက်တိုဘာလ ၁၄ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲ များအဖြစ် စေတနာ အဆင့်မြင့် ဇာတ်သဘင် ပွဲကြီးနှင့် အတူ ရုပ်ရှင်နှင့် ဂီတ အနုပညာရှင် များဖြစ်ကြသော ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် မေသက်ခိုင် ၊ အဆိုတော် အေသင်ချိုဆွေ ၊ သြရသ ၊ ဆောင်ဇွဲ နှင့် အခြား နာမည်ကြီး ဇာတ်သဘင်များ လာရောက် ဖျော်ဖြေ ကြမည် ဖြစ်ကြောင်း သိရသည်။


မြသလွန် စေတီတော် မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို ခေတ်အဆက်ဆက် စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် ကျင်းပ ခဲ့ကြသည်ကို အနယ်နယ် အရပ်ရပ် မှ ရဟန်းရှင်လူ ပြည်သူများ လေ့လာ သိရှိနိုင်ပြီး ယခုနှစ် တွင်လည်း ယခင်နှစ်များ နည်းတူ သီတင်းကျွတ် လပြည့်နေ့ ၌ မြို့ပေါ်ရှိ သံဃာတော် အားလုံးကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းမည် ဖြစ်ကြောင်း ၊ အရုဏ်တက် ချိန်တွင် သမိုင်းဝင် မြသလွန် စေတီ တော်မြတ်ကြီး တွင် နံသာ ၉၀၀၀ ၊ ပန်း ၉၀၀၀ ဆက်ကပ် လှူဒါန်းမည် ဖြစ်ကြောင်း ၊ ညနေ ၆ နာရီတွင် ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ပွဲ ကို စည်းကားစွာ ကျင်းပမည် ဖြစ်၍ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တွင် ဌာနဆိုင်ရာ ပေါင်းစုံ နှင့် ရပ်ကွက် အသီးသီးတို့မှ စေတနာရှင် အလှူရှင် များက သံဃာတော် မျာအား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း နိုင်ကြောင်း နှင့် သမိုင်းဝင် မြသလွန် ဘုရားပွဲတော်ကို အောင်တိုဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း မြသလွန် စေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...