Social Icons

Pages

Wednesday, October 9, 2013

ထိုင်းနယ်စပ်ဂိတ် လေးခုမှ တစ်လအတွင်း နိုင်ငံကူး လက်မှတ်ကိုင် ခရီးသည် ၉၀၀ ကျော် ၀င်ရောက်ခဲ့


မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ရှိ တာချီလိတ် - မယ်ဆိုင် ဂိတ်

ရန်ကုန် ၊ ၉-၁၀-၂၀၁၃

ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ ဆက်သွယ်မှု ပြုလုပ် ထားသည့် အပြည်ပြည် ဆိုင်ရာ နယ်စပ် ဝင်ပေါက် ဂိတ်လေးခု မှ စက်တင်ဘာလ အတွင်း နိုင်ငံကူး လက်မှတ်ကိုင် ခရီးသည် ၉ဝဝ ကျော် ဝင်ရောက် ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဝင်ရောက် မှုတွင် တိုးတက်မှု အခြေအနေ ရှိပြီး မြန်မာနိုင်ငံ သား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ လည်း ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်မှု ရှိလာကြောင်း ၊ ယခင်က နယ်စပ် ဂိတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံ အတွင်းသို့ အလုပ်လုပ် ကိုင်သူများသာ ရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံသားများ သွားရောက် လည်ပတ်မှုတွင် ပွဲတော်ရက် များတွင်သာ ရှိသော်လည်း ယခုမူ တခြားသော ရက်များ တွင်ပါသွား ရောက်မှုရှိ လာကြောင်း သိရသည်။

'' နယ်မြေ အေးချမ်း လာမှုနဲ့အတူ အခုဆို ကူးလူး သွားလာမှုတွေ များလာတယ် ၊ စီးပွားရေးအရ နောက်ပိုင်း နယ်စပ် ဒေသတွေ အများကြီး တိုးတက်လာ မှာပါ ၊ ဒီမှာ ဘယ်သူဆိုပြီး ရွေးချယ် ဝင်ခွင့်ပေးတာ မဟုတ်ပါဘူး ၊ နိုင်ငံကူး လက်မှတ် ပါရင် ဝင်ရာက် သွားလာခွင့် ပြုပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသား များနှင့် ထိုင်းနိုင်ငံသား မဟုတ်သည့် တတိယ နိုင်ငံသား များက ကရင်ပြည်နယ် ၊ မြဝတီ ၊ မဲဆောက်မှ အဝင်အထွက် များပြီး တစ်လအတွင်း ဦးရေ ၂၃ဝ ကျော်ရှိခဲ့ ကြောင်း ၊ ကျန် ကော့သောင်း - ရနောင်း နယ်စပ်ဂိတ် မှ ဦးရေ ၁၉ဝ ခန့် ၊ တာချီလိတ် - မယ်ဆိုင်ဂိတ် နှင့် ထီးခီး - နမ့်ဖုရော် ဂိတ်ဖြတ်သန်းမှု အနည်းငယ်သာ ရှိကြောင်း သိရသည်။


နယ်စပ်ဂိတ်များမှ ဖြတ်ကျော် ဝင်ရောက် သွားလာမှုတွင် တစ်လအတွင်း တာချီလိတ် - မယ်ဆိုင် ဂိတ်မှ အများဆုံး ဖြစ်ခဲ့ပြီး နယ်စပ်ဂိတ် လေးခုမှ နိုင်ငံခြား ခရီးသည် ၆၂၁ ဦးနှင့် မြန်မာနိုင်ငံမှ သွားရောက်မှု ဦးရေ ၃၁၆ ဦး ရှိခဲ့ကြောင်း ၊ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ သဘော တူညီမှုဖြင့် မြန်မာနိုင်ငံ နယ်စပ် ဂိတ်လေးခု မှ နိုင်ငံကူး လက်မှတ်ဖြင့် ဝင် - ထွက် သွားလာခွင့် အား သြဂုတ်လ ၂၉ ရက်မှ စတင် ကြေညာ ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...