လန်ဒန် ၊ ၂၀-၁၀-၂၀၁၃
တိုင်တန်းနစ် သင်္ဘောကြီး စတင် နစ်မြှုပ်နေစဉ်
ခရီးသည် များကို စိတ်သက်သာရာ ရစေရန် တိးခတ် ဖျော်ဖြေခဲ့သော တယော တစ်လက်ကို အင်္ဂလန် နိုင်ငံ
၊ ၀စ်ရှိုင်းယား ပြည်နယ် ၊ ဒီဗိုင်းဇစ်မြို့ ၌ ယမန်နေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင်
လေလံတင် ရောင်းချရာ အဆိုပါ တယောကို ပေါင် ၉ သိန်းခန့် ရမည်ဟု မရောင်းချမီ ကပင် ကြိုတင်
ခန့်မှန်း ကြကြောင်း သိရသည်။
တိုင်တန်းနစ် တယော ကို ထိုစဉ်က သင်္ဘော
နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၁၅၁၇ ဦးတွင် တစ်ဦး ဖြစ်သော တီးဝိုင်းခေါင်းဆောင် ဝေါလပ်စ်ယာလေ
က တီးခတ် ခဲ့ခြင်း ဖြစ်ပြီး ကြမ်းခင်းဈေး ပေါင် ၃ သိန်း သတ်မှတ် ထားသည်။
အဆိုပါ တယော ထည့်သည့် အိတ်နှင့် ဂီတ
စာရွက်ကိုလည်း လေလံပစ်မည့် အထဲ ပါဝင်မည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တွင် ၃ လကြာ
ပြသထားခဲ့ရာ လာရောက် ကြည့်ရှုသူ ဦးရေ ၃၁၅၀၀၀ ခန့် ရှိကြောင်း သိရသည်။
ယင်း တယောသည် တိုင်တန်းနစ် သင်္ဘောကြီး
က ကျန်ရစ်ခဲ့သည့် အမှတ်တရ ပစ္စည်းများထဲမှ အရှားပါးဆုံး နှင့် အထူးခြားဆုံး ဖြစ်သည်ဟု
လေလံပွဲ စီစဉ်သူ အယ်လန် အဲဒရစ် က ပြောသည်။
တိုင်တန်းနစ် တယောကို ဂျာမနီနိုင်ငံ
တွင် ထုတ်လုပ်ခဲ့ပြီး ဝေါလစ် အား သူ၏ ချစ်သူက စေ့စပ် လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ကာ ရေနစ်
သေဆုံးခဲ့သူ ဝေါလစ် ၏ ခန္ဓာကိုယ် တွင် တွဲချည်လျက် သားရေအိတ် ထဲတွင် မပျက်မစီး တွေ့ရှိ
ခဲ့ရပြီး ကျွမ်းကျင်သူ များက ဝေါလစ်၏ တယော မှန်ကန်ကြောင်း အတည်ပြုရန် ၇ နှစ်ကြာ စစ်ဆေး
ခဲ့ကြောင်းလည်း သိရှိရသည်။


No comments:
Post a Comment