ငွေတာရီမဂ္ဂဇင်း ( ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလထုတ် )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ ( ဇွန်လ
) ခရီးထွက် စုပေါင်း ဓာတ်ပုံ ရိုက်ကူးခြင်း Outing အစီအစဉ် အတွက် ပန်းတနော် မြို့သို့
နေ့ချင်းပြန် ခရီးထွက်၍ ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။ မြန်မာနိုင်ငံ ၏ ဂုဏ်ဆောင်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်၏ မွေးရပ် ဇာတိမြေ
ပန်းတနော် မြို့သည် ရန်ကုန် - ပုသိမ် ကားလမ်းမကြီး ပေါ်တွင် ရှိပြီး နေ့ချင်းပြန် ခရီးအဖြစ်
သွားနိုင်ကာ ဓာတ်ပုံ သမားများ အတွက် ဓာတ်ပုံရိုက်ချိန် လုံလောက်စွာ ရရှိသော ခရီးစဉ်
ဖြစ်သည်။ လယ်ယာ ၊ ချောင်းမြောင်း ၊ အင်းအိုင် များသည် လည်းကောင်း ၊ ဖျာချောရက် လုပ်ငန်း
နှင့် များပြားသော လုပ်ငန်း ဆောင်တာ များသည် လည်းကောင်း ဓာတ်ပုံ သမားများ အကြိုက် လူနေမှု
ဘ၀များ ဖြစ်သည်။
ပထမ - ဇေယျာမင်း
ယခု ခရီးစဉ် အတွက် ပထမ ရရှိသူ ဇေယျာမင်း
မှာ သင်တန်းဆင်း လူငယ် ဓာတ်ပုံသမား တစ်ဦး အနေဖြင့် ပထမဆု ရရှိသည်ကို ဂုဏ်ပြု အားပေး
ကြိုဆိုသည်။ နောင်တော် ဆုရ ဓာတ်ပုံ သမားများ မှာလည်း သင်တ်းသား ဘ၀မှ တဖြည်းဖြည်း ချင်း
ဆုရတာ အောင်မြင် လာသူများ ဖြစ်ကြသည်။ ဆက်လက် ကြိုးစား ယှဉ်ပြိုင်ရန် တိုက်တွန်းသည်။
ဆုရပုံမှ ရဟန်းငယ် တစ်ပါး စာဖတ်နေဟန် ဖန်တီး ရိုက်ကူးသော ပုံဖြစ်သည်။ နောက်ခံ ပြတင်း
တံခါးနှင့် တရုတ်ကတ်မှန် မှ ရောင်စုံ အလင်းကွက် များသည် ပုံကို အထောက် အကူပြု စိတ်ဝင်စား
ဖွယ် ဖြစ်စေသည်။ လှေကားတန်း လက်ရန်းဘောင် အကွေး သည်လည်း ပုံကို အားဖြည့် နေပါသည်။ ရဟန်းငယ်
ပေါ်သို့ နောက်ခံ အလင်းရှပ် ၍ ကျနေပုံကြောင့် ပုံမှာ လုံးကြွ ပေါ်လွင်လျက် ရှိနေသည်။
မြင်တတ်သော မျက်စိနှင့် ကင်မရာ နေရာယူပုံ တို့ ဆန်းသစ် ကောင်းမွန် သော်လည်း ယခုပုံ အတိုင်း
လှေကား အဆင်း အတက် တွင် စာဖတ် နေပုံမှာ သင့်မသင့် စဉ်းစားဖွယ် ဖြစ်နေသည်။ ပုံမှာ သဘာဝ
အလင်း အတိုင်း မပြုမပြင် ပြေပြစ်စွာ ပြသနိုင်သော ပုံကောင်း တစ်ပုံဖြစ်သည်။
ဒုတိယ - ၀တ်ရည်ဝင်း
ဒုတိယဆုရှင် ၀တ်ရည်ဝင်း မှာ ပြီးခဲ့သော
ဓာတ်ပုံသင်တန်း အမှတ်စဉ် ၄၁ ဆင်းပြီးသူ လူသစ် တစ်ဦး ဖြစ်သည်။ ဆက်လက်၍ အောင်မြင်မှု
ရရန် ကြိုးစားဖို့ တိုက်တွန်းအပ် ပါသည်။ ဆုရဓာတ်ပုံ မှာ ကလေးများ ဖန်ခုန်တမ်း ကစားနေပုံ
ဖြစ်သည်။ ဆင်ပြင် ဖန်တီး ရိုက်ယူသော ပုံဖြစ်သော်လည်း သဘာဝ ကျနစွာ နေရာချထား နိုင်ပြီး
ကလေးငယ်များ လှုပ်ရှုားမှုကို အမိအရ ရိုက်ကူး ထားသည်။ ပုံ၏ ဘယ်ဘက်ခြမ်း ရှိ ကလေးများ
အပေါ်သို့ Top Light နေရောင် အလင်း ကျနေပုံမှာ နောက်ခံ အမည်းတွင် ပေါ်လွင် လုံးကြွလျက်
ရှိသည်။ ဖန်ခုန်နေသူ ကလေးသည် လည်းကောင်း ၊ ဘေးမှ အားပေးသူများ သည် လည်းကောင်း ၊ သက်ဝင်
လှုပ်ရှား နေပုံမှာ ယခုပုံ၏ အောင်မြင်မှု အသက်ပင် ဖြစ်သည်။ ပုံကူးချဲ့ စဉ်က ယခု အတိုင်းထက်
မြေပြင် ဖြူဖြူကို ပိုမို ရင့်အောင် ကူးပါက ပိုမို ကောင်းမွန်မည် ဖြစ်သည်။
တတိယ - သွယ်သွယ်ထွန်း
တတိယဆုရှင် သွယ်သွယ်ထွန်း မှာ အသင်း၏
စံပြမယ် ပြိုင်ပွဲများတွင် ဆုကြီးများ မကြာမကြာ ရရှိသည်ကို သတိပြု မိသည်။ ယခုလကဲ့သို့
Outing ခရီးစဉ် များတွင်ပါ ဆုရရှိ သည်ကို ကြိုဆို
အားပေးပါသည်။ စွယ်စုံရ ဓာတ်ပုံ သမားကောင်း ဖြစ်စေရန် ဆက်လက် ကြိုးစား ပါဟု ပြောလို
ပါသည်။ ဆုရဓာတ်ပုံ မှာ ကလေးငယ် ၃ ဦး မြူးကြွစွာ ပြေးလာ နေသည်ကို ပြင်ဆင် ရိုက်ကူး
ထားသော ပုံဖြစ်သည်။ မွန်းတည့် ကျနေ Top Light တွင် ရိုက်ကူး ထားသော်လည်း အရိပ်ပိုင်း
၊ အရောင်ပိုင်း တို့ဖြင့် ဖွဲ့စည်း ရိုက်ယူထား၍ ပုံမှာ လုံးကြွလျက် ရှိသည်။ ပုံ၏ ရှေ့ပိုင်း
မြေပြင်ကို တမင် ရင့်ရင့် ကူးချဲ့ ထားသည်မှာ လက်ခံနိုင်ဖွယ် လိုအပ်သော ပြုပြင်မှုပင်
ဖြစ်သည်။ ယခုလ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၈၂ ပုံပေးပို့ လာသည့် အထဲမှ
အမျိုးသမီး လူသစ်များ ဆုရရှိ သည်ကို ကြိုဆိုပါသည်။
ညောင်ဦးဖိုးချို ( Hon: MPS,
FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း




No comments:
Post a Comment