ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
စံပြအလှမယ်( Model ) ကြည်နူးနိုင်
ပထမ - ၀င့်ရည်မွန်
ယခုလ စံပြမယ် ဓာတ်ပုံပြိုင်ပွဲ သို့
ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၉၀ နီးပါး ပေးပို့ ယှဉ်ပြိုင် လာသည်။ ပထမဆုရှင် ၀င့်ရည်မွန်
မှာ အသင်းဝင် လူသစ်ဖြစ်ပြီး မြ၀တီ လစဉ် ဓာတ်ပုံ ပြိုင်ပွဲ " ကလေးသူငယ် ချစ်စဖွယ်
" တွင်လည်း ဆုရရှိ သည်ကို သတိပြုမိ သည်။ ဆက်လက် ယှဉ်ပြိုင် ကြိုးစား ပါရန် တိုက်တွန်း
ရပါသည်။ စံပြ အလှမယ် အား တစ်ပိုင်း မျက်နှာပြည့် ရိုက်ယူ ထားပြီး ပုံ၏ ကန့်လန့်ဖြတ်
အနေအထား တွင် မျက်နှာရှေ့ တစ်ဝက်ကို အလွတ် ချန်ကာ ကူးချဲ့ ထားသည်။
ဤသို့သော ရဲရင့်စွာ ဖြတ်တောက် တင်ပြမှုကို
အကဲဖြတ် များ အကြိုက်တွေ့၍ ပထမဆု ရရှိသည်ဟု ထင်မြင် မိပါသည်။ ဓာတ်ပုံ ဆေးသား မှာ အတန်ငယ်
ဖြူဖတ် ဖြူရော် ဖြစ်နေပြီး လက် အနေအထား မှာလည်း လိုအပ်မှုများ ရှိနေပါသည်။
ဒုတိယ - သန္တာစိုး ( ခ) စိုးမြန်မာ
မြန်မာနိုင်ငံ ဓာတ်ပုံ အသင်း၏ နာမည်ရ
ဝါရင့် ဓာတ်ပုံ ပညာရှင် တစ်ဦး ဖြစ်သူ သန္တာစိုး ၏ ဒုတိယ ဆုရပုံ ဖြစ်သည်။ မျက်နှာပြည့်
အနီးကပ် ရိုက်ကူး ထားပြီး ကန့်လန့်ဖြတ် အနေကို တိကျ ရဲဝံ့စွာ ဖြတ်တောက် ကူးချဲ့ ထားသည်။
အဝေးရိုက် မှန်ဘီလူး ဖြင့် ရိုက်ယူ သော်လည်း ပုံမှာ ပြတ်သားမှု အားကောင်းပြီး အချိုး
ကျနစွာ ရိုက်ကူး နိုင်ပါသည်။ စံပြမယ်၏ တောက်ပ အားကောင်းသော မျက်လုံး အလှကို အမိအရ ပြသနိုင်
ပါသည်။ မျက်နှာ ပေါ်သို့ ပြေပြစ်သော အလင်းပေးမှု ကို ယခုထက် ပိုမို ရင့်ရင့် ကူးပါက ပို၍
ကောင်းမွန် နိုင်မည်ဟု ဆိုချင်ပါသည်။
တတိယ - သန်းနိုင်
မြန်မာနိုင်ငံ ဓာတ်ပုံ အသင်း၏ ယခင်လ
ပြိုင်ပွဲများတွင် ဆုကြီးများ မကြာခဏ ရယူနေသူ ကိုသန်းနိုင် ၏ တတိယ ဆုရပုံ ဖြစ်သည်။
ဒေါင်လိုက် အနေဖြင့် ကိုယ်တစ်ပိုင်း ပုံကို ရိုးရှင်းစွာ ရိုက်ကူး တင်ပြထား ပါသည်။
စံပြမယ် ၏ ဟန်ပန် အမူအရာ ကို မည်သို့မျှ မပြုလုပ် ခိုင်းဘဲ အရှိအတိုင်း သတ္တိကောင်းစွာ
ရိုက်ယူသော ပုံပင် ဖြစ်သည်။ ကိုသန်းနိုင် သည် မြ၀တီ ဓာတ်ပုံပြိုင်ပွဲ (ပန်းအလှ) တွင်လည်း
ပထမဆု ရရှိထား ပါ၍ ဆက်လက် ကြိုးစားရန် တိုက်တွန်းအပ် ပါသည်။
ညောင်ဦးဖိုးချို ( Hon: MPS,
FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း




No comments:
Post a Comment