Social Icons

Pages

Friday, September 13, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် MRTV မှ အားကစားနည်း ၁၂ မျိုး ၊ forever Group မှ ၁၁ မျိုးနှင့် ရွှေသံလွင် မှ ၁၆ မျိုး ရိုက်ကူးထုတ်လွှင့်မည်


ရန်ကုန် ၊ ၁၃-၉-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင် တို့ရှိ အားကစားကွင်း အားကစားရုံ အသီးသီး မှ IBC သို့ Fiber ဆက်ကြောင်း သို့မဟုတ် ဂြိဟ်တု ဆက်ကြောင်း ဖြင့် ရုပ်သံ ပေးပို့ခြင်း ၊ IBC မှ ပြည်ပ Broadcast Station များသို့ Upling ပြုလုပ်ခြင်း ၊ IBC မှ ပြည်တွင်း Broadcaster များသို့ ရုပ်သံ အစီအစဉ်များ ပေးပို့ခြင်း တို့ကို မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားမှ တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရိုက်ကူး ထုတ်လုပ် ရာတွင် မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားမှ အားကစားနည်း ၁၂ မျိုး ၊ Forever Group မှ အားကစားနည်း ၁၁ မျိုး နှင့် ရွှေသံလွင် မှ အားကစားနည်း ၁၆ မျိုးတို့ကို ရိုက်ကူး ထုတ်လုပ် သွားမည် ဖြစ်သည်။


Live ထုတ်လွှင့် ပြသမည့် အားကစားနည်း ၁၉ မျိုးနှင့် ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား ၂ မျိုး စုစုပေါင်း ၂၁ မျိုးအနက် ဘောလုံး အားကစားနည်း တစ်မျိုးကို MRTV, Forever Group နှင့် ရွှေသံလွင် တို့ ၃ ဖွဲ့လုံးမှ ရိုက်ကူး ထုတ်လွှင့်မည် ဖြစ်ပြီး ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား နှင့် အားကစား နည်း ၂ မျိုး စုစုပေါင်း ၄ မျိုးကို မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား မှ Live ထုတ်လွှင့် မည် ဖြစ်ကြောင်း သိရှိရသည်။ (၀န်းရံခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...