Social Icons

Pages

Wednesday, September 25, 2013

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်၌ ကူးစက်တတ်ခြင်း မရှိသည့် ရောဂါများကြောင့် သေဆုံးမှု ပိုများလာ


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

ကူးစက်တတ်ခြင်း မရှိသည့် ရောဂါ များကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်တွင် သေဆုံးမှု ပိုမိုများပြား လာကြောင်း သိရသည်။

တစ်ကမ္ဘာလုံး နှင့် နှိုင်းယှဉ်လျှင် နှစ်စဉ် သေဆုံးနေတဲ့ လူဦးရေ ၆၃ သန်းအနက် လူဦးရေ ၃၆ သန်းခန့်က ယင်း နာတာရှည် ရောဂါကြောင့် သေဆုံး နေရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၃၆ သန်းအနက် ၉ ဒသမ ၁ သန်းသည် အရွယ် မတိုင်မီ ကွယ်လွန် ကြသူများနှင့် အသက် ၆ဝ မတိုင်မီ သေဆုံးသူ ပေါင်း ၂၅ ရာခိုင်နှုန်း မျှရှိပြီး ယင်း သေဆုံးသူများ ထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ ဝင်ငွေ နိမ့်ကျသော ၊ ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများ မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူးစက်တတ်ခြင်း မရှိသည့် ( Non Communicable Diseases NCDs ) ရောဂါများ သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပိုမို အဖြစ်များကာ ဖြစ်ပွားနှုန်း နှင့် သေဆုံးနှုန်းမှာ ကူးစက် ရောဂါများ ကဲ့သို့ ကာကွယ် တားဆီး၍ မရကြောင်း ၄င်းက ရှင်းပြသည်။ ယင်း NCDs တွင် အဓိက ရောဂါ လေးမျိုး နှင့် အခြားရောဂါ ခုနစ်မျိုးတို့ ပါဝင်သည်။ အဓိကရောဂါ လေးမျိုးမှာ ကင်ဆာရောဂါ ၊ နာတာရှည် အဆုတ် နှင့် အသက်ရှူ လမ်းကြောင်း ရောဂါ ၊ နှလုံး သွေးတိုးရောဂါ နှင့် ဆီးချို သွေးချို ရောဂါတို့ ဖြစ်ပြီး အခြားရောဂါ ခုနစ်မျိုးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ နားလေးခြင်း ၊ မြွေကိုက်ခြင်း ၊ စိတ်ရောဂါ ၊ မျက်မမြင် ရောဂါ ၊ သက်ကြီးရွယ်အို ရောဂါနှင့် ဆေးလိပ် သောက်ခြင်းနှင့် မူးယစ် ဆေးဝါး သုံးစွဲခြင်း တို့ဖြစ်သည်။

NCDs ရောဂါဖြစ်ပွား ရသည့် အဓိက အန္တရာယ် အမူအကျင့် များမှာ
(၁) ဆေးလိပ်သောက် ၊ ဆေးရွက်ကြီးငုံ ၊ ကွမ်းစားခြင်း၊
(၂) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားခြင်း၊
(၃) ကိုယ်ကာယ လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းခြင်း၊
(၄) အရက်အလွန် အကျွံ သောက်ခြင်းတို့ဖြစ်သည်။


NCDs ရောဂါများ မဖြစ်ပွားစေရန် နေ့စဉ် အစားအသောက်များ စားသုံး ရာတွင် သရက်သီးမှည့် ၊ သင်္ဘောသီးမှည့် စသည့် အဝါရောင် သစ်သီးများ ၊ ဒန့်ဒလွန်ရွက် ၊ ကန်စွန်းရွက် စသည့် အစိမ်းရောင် ဟင်းရွက်များ ၊ ရွှေဝါ ကန်စွန်းဥ ၊ မုန်လာဥနီ စသော အဝါရောင် သစ်ဥသစ်ဖု များကို ရွေးချယ်စား သုံးသင့်ပြီး အဆီမျိုးစုံကို ဆင်ခြင် စားသောက်သင့် ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...