Social Icons

Pages

Wednesday, September 25, 2013

အစားအသောက် ချက်ပြုတ်ခြင်း နှင့် ပြင်ဆင်ခြင်း ဆိုင်ရာ ဒီပလိုမာ ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက် သင်ယူနိုင်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

စင်ကာပူနိုင်ငံ တွင် အစားအသောက် ချက်ပြုတ်ခြင်း နှင့် ပြင်ဆင်ခြင်း ဆိုင်ရာ ဒီပလိုမာ သင်တန်းကို ပညာသင် ထောက်ပံ့ကြေး ဖြင့် တက်ရောက် သင်ယူ နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာ သင်တန်းကို စင်ကာပူ နိုင်ငံ Dimension International College တွင် သင်ယူနိုင်ပြီး ယခုနှစ် ဒီဇင်ဘာ ကျောင်းဖွင့်ချိန် အတွက် ကျောင်း ၀င်ခွင့်များ စတင် လက်ခံ နေပြီ ဖြစ်သောကြောင့် ယင်း စာသင်နှစ် အတွက် ကျောင်း လျှောက်ထား ပါက ကျောင်းစရိတ် ၃၀ ရာခိုင်နှုန်း ကျော် ပညာသင် ထောက်ပံ့ကြေး အဖြစ် လျှော့ပေး သွားမည် ဖြစ်ကြောင်း ၊ အရစ်ကျ ၂ ကြိမ်ခွဲ ပုံစံဖြင့် ပေးသွင်း၍ တက်ရောက် နိုင်ကြောင်း နှင့် နိုင်ငံတကာ အစားအစာ အမျိုးမျိုး ချက်ပြုတ် ပြင်ဆင်ရန် စာတွေ့ ၊ လက်တွေ့ ပေါင်းစပ် သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။


အစားအသောက် ချက်ပြုတ် ပြင်ဆင်မှု တွင် အဓိက ကျသော ဘာသာရပ် များကို နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်း အတိုင်း လက်တွေ့ သင်ကြား ပေးမည် ဖြစ်ပြီး သင်တန်း ကာလမှ ၉ လ ကြာမြင့်မည် ဖြစ်သည်။ သင်တန်း ပြီးဆုံးပါက UK နိုင်ငံမှ City and Guilds လက်မှတ် ချီးမြှင့်မည် ဖြစ်သောကြောင့် စိတ်ပါ ၀င်စားသူ များသည် Dimension International College ဖုန်း ၀၉- ၄၅၀၀ ၄၄ ၁၁၇ နှင့် ၀၉- ၄၂၁၀ ၇၆ ၈၇၈ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...