Social Icons

Pages

Wednesday, September 11, 2013

အရှိန်လွန် ယာဉ်တိမ်းမှောက် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ဒဏ်ရာများရရှိ


ရေတာရှည် ၊ ၁၁-၉-၂၀၁၃

ယာဉ်မတော်တဆ မှုများ မကြာခဏ ဖြစ်ပွား တတ်သော ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် ၊ ပြီစုပ်ကျေးရွာ နှင့် မှန်စီကျေးရွာ ကြားရှိ  ကားလမ်းပိုင်းတွင် စက်တင်ဘာ ၉ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်က ကုန်တင် လာသော ယာဉ်ငယ် တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်း မောင်မောင်စိုး ၂၈ နှစ် (ဘ) ဦးကျော်မင်းစိုး ( ပုဇွန်တောင် ၊ ရန်ကုန်မြို့နေသူ ) မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ကျော်စိုး ၃၆ နှစ် (ဘ) ဦးကျော်မင်းစိုး (နေရပ်တူ) တို့ လိုက်ပါလာသော မစ်ဆူဘီရှီ (ကင်တာ) ၃ခ/၆၅၆၇  ကုန်တင် ယာဉ်ငယ်သည် ရန်ကုန်ဘက် မှ မန္တလေးဘက် သို့ မောင်းနှင်လာစဉ် ရေတာရှည်မြို့နယ်  မှန်စီရွာ တောင်ဘက် ကားလမ်း မိုင်တိုင်အမှတ် ၊ ၁၉၇/ဝ နှင့် ၁၉၇/၁ အကြားတွင် အရှိန်လွန်ကာ ကားလမ်း အနောက်ဘက်ရှိ လျှပ်စစ် ကွန်ကရစ်တိုင်ကို  ဝင်တိုက်၍ တစ်ပတ်လည်ပြီး တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်မောင်း မောင်မောင်စိုး နှင့် ယာဉ်နောက်လိုက် အောင်ကျော်စိုး တို့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍  ဆွာရဲစခန်းမှ ယာဉ်(ပ) ၁၄/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရှိရသည်။(၄၁ဝ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...