Social Icons

Pages

Thursday, September 5, 2013

နိုင်ငံခြားသား ခရီးသွားများ သီးသန့်စီးနင်းနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်းသစ် မန္တလေး - ပုဂံ ခရီးစဉ် ပြေးဆွဲသွားမည်


ရန်ကုန် ၊ ၅-၉-၂၀၁၃

နိုင်ငံခြားသား ခရီးသွားများ သီးသန့် စီးနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်း အသစ်ကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ မန္တလေး - ပုဂံ ခရီးစဉ်အား ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဧရာဝတီ ဌာနခွဲ မန္တလေး မှ အကြီးတန်း စာရေး ဦးခင်မောင်ဝင်း က ပြောကြား ခဲ့ကြောင်း သိရသည်။

'' အခုလို နိုင်ငံခြားသာ သီးသန့်လိုင်း ပြေးဆွဲရတဲ့ အဓိက ရည်ရွယ်ချက် က နိုင်ငံခြားသား တွေ သက်တောင့် သက်သာ စီးနင်းနိုင်ဖို့ အတွက်ပါ ၊ တစ်ခြား သင်္ဘောတွေလို လူအများကြီး နဲ့ မစီးရပါဘူး ၊ ဘေးတစ်ဖက် တစ်ချက် ရှုခင်းတွေ ကိုလည်း ကြည့်ရှု ခံစားနိုင် ပါတယ် ၊ တစ်ခြား သင်္ဘောတွေလို ဈေးနှုန်းမြင့်မှာ မဟုတ်ဘဲ ဈေးသက်သာစွာ နဲ့ စီးနိုင်မှာ ဖြစ်ပါတယ် ၊ ဟံသာဝတီ ရေလိုင်းသင်္ဘော က အခုမှစပြီး ပြေးဆွဲတဲ့ ပထမဆုံး အကြိမ် နိုင်ငံခြားသား သီးသန့် ပြေးဆွဲတဲ့ သင်္ဘော ဖြစ်ပါတယ် ... " ဟု ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ ဟံသာဝတီ ရေယာဉ်ကို တစ်ပတ်လျှင် ၄ ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး မန္တလေး ဆိပ်ကမ်းမှ တနင်္လာနေ့ နှင့် သောကြာနေ့ တွင် နံနက် ၆ နာရီ ထွက်ခွာ၍ ပုဂံ ဆိပ်ကမ်းမှ အင်္ဂါနေ့ နှင့် စနေနေ့ တို့တွင် နံနက် ၆ နာရီ ထွက်ခွာမည် ဖြစ်ကြောင်း ၊ ဟံသာဝတီ ရေယာဉ်တွင် နိုင်ငံခြားသား ဧည့်သည် ၁၀၀ ဦးခန့် စီးနိုင်ကြောင်း ၄င်းက ရှင်းပြသည်။


အဆိုပါ ဟံသာဝတီ ရေယာဉ် မောင်းနှင်ချိန် မှာ ၁၂ နာရီ ၀န်းကျင်ခန့် ကြာမည် ဖြစ်ပြီး လမ်းခရီး တစ်လျှောက်တွင် ဆိပ်ကမ်း ၄ ခုတွင်သာ ဆိုက်ကပ်မည် ဖြစ်ကြောင်း နှင့် ရေယာဉ် စီးနင်းခမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၀ သတ်မှတ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...