ကော့သောင်း
၊ ၄-၉-၂၀၁၃
မြန်မာနိုင်ငံ၏ ပွင့်လင်း လာသည့် စီးပွား
ရေးမူဝါဒ များနှင့်အညီ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်း ကုမ္ပဏီများ မြန်မာနိုင်ငံ
အတွင်း နီးစပ်ရာ ဒေသများတွင် လေ့လာ ဈေးကွက် ရှာဖွေ နေကြရာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့ များမကြာမီ
ကာလအတွင်း အရှိန်အဟုန် နှင့် ဖွံ့ဖြိုးလာဖွယ် ရှိသည် နှင့်အတူ မြန်မာနိုင်ငံ တောင်ဖက်
တနသာင်္ရီ တိုင်း ဒေသကြီး ၊ ကော့သောင်းခရိုင် တွင်လည်း နည်းလမ်း ပေါင်းစုံနှင့် ကုမ္ပဏီ
အစုအဖွဲ့ များဈေးကွက် စူးစမ်း နေသည်ကို တွေ့မြင် နေရပေရာ ထိုင်းနိုင်ငံ အခြေစိုက်
ဘိနပ်ကုမ္ပဏီ တစ်ခုဖြစ်သည့် (ADDA) ကုမ္ပဏီမှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် အသုံးပြုနိုင်ရန် ဘိနပ် (၃၀၀၀) ရံ ၊ ဘောလုံး(၂၀)လုံး
၊ အချိုရည်(၅၀) ပါကင် ကို လာရောက် လှူဒါန်းရာ ရနောင်းခရိုင် ကုန်သည်ကြီးများ အသင်း
နှင့် ကော့သောင်းခရိုင် ကုန်သည်ကြီးများ အသင်းတို့ မှ လိုက်ပါ ၍ ကော့သောင်းမြို့ ၊ ပုလုံးတုံးတုံး ကျေးရွာ
ရန်ကြီးအောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ဖိနပ်(၄၃၃)ရံ ၊ ဘောလုံး(၄) လုံး၊
အချိုရည်(၂၀) ပါကင် အား သွားရောက် ခွဲဝေ ပေးအပ် လှူဒါန်းခဲ့ကြပြီး မြို့နယ်အတွင်း အခြား
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသို့ ကျန်ရှိသည့် ပစ္စည်းများကို မြို့နယ် ပညာရေးမှူး
မှ တစ်ဆင့် ထပ်မံ ခွဲဝေ ပေးအပ်လှူဒါန်း နိုင်
ရန် လွဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment