Social Icons

Pages

Tuesday, August 6, 2013

သုံးနှစ်ဆက်ချန်ပီယံ YUFC အသင်း၏ ဂုဏ်ပြုညစာစားပွဲနှင့် ဆုဖလားချီးမြှင့်ပွဲ ကျင်းပ


ရန်ကုန် ၊ ၆-၈-၂၀၁၃

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူး ကျင်းပသော ၂၀၁၃ ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ကို သုံးနှစ်ဆက်တိုက် ကိုင်မြှောက်ခွင့် ရခဲ့သော သုံးနှစ်ဆက် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အက်ဖ်စီ ဘောလုံးအသင်း၏ ဂုဏ်ပြု ညစာစားပွဲ နှင့် ဆုဖလား အပ်နှင်းပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၆ နာရီက ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က YUFC မှ ကစားသမား များနှင့် တာဝန်ရှိ သူများကို ဂုဏ်ပြုစကား ပြောကြား ခဲ့သည်။ ယင်းသို့ ပြောကြားရာတွင် အားကြိုး မာန်တက် ကစားကြသော ကစားသမား များကြောင့် သော်လည်းကောင်း ၊ YUFC ရဲ့ Managnement ကလည်း ကစားသမား တွေကို များစွာ အထောက်အပံ့ ပေးမှုကြောင့် သော်လည်းကောင်း ချန်ပီယံဆုကို ဆွတ်ခူး နိုင်တာ ဖြစ်ကြောင်း ၊ ဘောလုံး ကစားသမား များဟာ ကျွမ်းကျင်မှု ၊ တာဝန်ယူမှု ၊ ပူးပေါင်းမှု စတဲ့ အချက် ၃ ချက်ကို အခြေခံပြီး ပရော်ဖက်ရှယ်နယ် ပီပီသသနဲ့ မြန်မာ့ ဂုဏ်ဆောင်တဲ့ အားကစား သမားတွေ ဖြစ်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လိုချင်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ၄င်းက ချန်ပီယံဆု ရရှိခဲ့သော YUFC အသင်း၏ ဥက္ကဋ္ဌ ဖြစ်သော ဦးပြည့်ဖြိုးတေဇ နှင့် အသင်းသူ အသင်းသား များကို ဆုဖလား ချီးမြှင့် ခဲ့ပြီးနောက် ဦးပြည့်ဖြိုးတေဇ က ကျေးဇူးတင် စကား ပြောကြား ခဲ့သည်။


သြဂုတ်လ ၄ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း တွင် နေပြည်တော် အက်ဖ်စီ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ အကြောင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်း ခဲ့ရာ " ပြိုင်ပွဲကတော့ မနေ့က အဖြေနဲ့ပဲ အဆုံးသတ် လိုက်ပါတယ် ၊ အဖွဲ့ချုပ် အနေနဲ့ ဖြစ်တဲ့ ပဲစဉ်ပေါ်မှာ ထိုက်သင့်သလို နောင်လာ နောက်သား တွေလည်း သင်ခန်းစာ ရအောင် ၊ နောင်ဒီလိုမျိုး မဖြစ်အောင် ဒီပေါ်မှာ မူတည်ပြီးတော့ တိုင်တိုင်ပင်ပင် အထူး ဂရုစိုက် ပြုလုပ် သွားမှာပါ .... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...