Social Icons

Pages

Tuesday, August 13, 2013

Myanmar Energy Investment Summit 2013 ကျင်းပမည်

ရန်ကုန် ၊ ၁၃-၈-၂၀၁၃

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် မလေးရှား နိုင်ငံ Confexhub Sdn. Bhd တို့ ပူးပေါင်း၍ Myanmar Energy Investment Summit 2013 ကို ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်း ရှိ ကုန်သည်ကြီးများ ဟိုတယ် ၌ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲ သို့ နိုင်ငံတကာ မှ စွမ်းအင် ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားသည့် စီးပွားရေး လုပ်ငန်းရှင်များ ၊ အမှုဆောင် အရာရှိချုပ် များ ၊ အတိုင်ပင်ခံ ကုမ္ပဏီများ နှင့် သုတေသီများ အစရှိသည့် ပုဂ္ဂိုလ်များ သည် စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် တက်ရောက် ကြမည် ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်း များကို မြန်မာနိုင်ငံ တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် လေ့လာ ဆွေးနွေး ကြမည် ဖြစ်သည်။


ဆွေးနွေးပွဲတွင် စွမ်းအင်ဆိုင်ရာ ကဏ္ဍများ ၊ စွမ်းအင်ဆိုင်ရာ ဘဏ္ဍာရေး ကဏ္ဍ ၊ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ နှင့် ရေအား လျှပ်စစ်ကဏ္ဍ တို့ကို အဓိကထား ဆွေးနွေး ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲသို့ တက်ရောက် လိုကြသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင် များသည် Registration Form ကို ဖြည့်စွက်၍ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရှိ နိုင်ငံတကာ ဆက်ဆံရေး ဌာနသို့ သြဂုတ်လ ၁၅ ရက် နောက်ဆုံးထား၍ အမည် စာရင်း ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...