နေပြည်တော် ၊ ၁၃-၈-၂၀၁၃
ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင်
အတွင်း လှုပ်ရှားလျက် ရှိသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ
ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦးတို့သည် သြဂုတ်လ
၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင် သေနတ် တစ်လက် ၊ ပွိုင်
၂၂ သေနတ် တစ်လက် ၊ ပွိုင့် ၂၂ တစ်ထောင့်ထိုး သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး
အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး
၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခု
တို့နှင့်အတူ သံဖြူဇရပ် မြိုရှိ တပ်မတော် စစ်ကြောင်းထံ သို့ အလင်းဝင် ရောက် ခဲ့သည်။
အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည်
ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁
နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ်
အဆင့်ရှိသော အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊ ပလိုင်စိုး
၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်း မှ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ
ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment