Social Icons

Pages

Monday, August 26, 2013

မြန်မာနိုင်ငံ ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်ရန် နှင့် လိုအပ်ပါက JV စနစ်ဖြင့် ဆောင်ရွက် သွားမည်


ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာစက်မှု လုပ်ငန်းများ ကို နိုင်ငံတကာ ကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာ စေရန် နှစ်နှစ်အတွင်း အောင်မြင်အောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများဖြင့် စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားကြောင်း သိရသည်။

မြန်မာစက်မှု လုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်စေရန် အတွက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဓိက မြို့ကြီးများ တွင် လျှပ်စစ်မီး လိုအပ်ချက်ကို ပြည့်မီ နိုင်ရန် နိုင်ငံတော် မှ မဟာ ဓာတ်အားလိုင်း ကြီးအတွင်းမှ စက်မှုလုပ်ငန်း များကို လျှပ်စစ်မီး ဆက်လက် ပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍကလည်း လျှပ်စစ်မီး ရရှိ ထုတ်လုပ်နိုင်ရန် ကူညီဆောင်ရွက် သွားမည် ဖြစ်သည်။ လိုအပ်ပါက ပိုလျှံ လျှပ်စစ်မီး များကို နိုင်ငံတော် မဟာဓာတ်အားလိုင်း အတွင်းသို့ ပြန်လည် ရောင်းချနိုင်ရန် ပြင်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ပြီး စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးပြီး ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများ လျှပ်စစ်မီး ကဏ္ဍ အောင်မြင် လာမှသာ မဟာဓာတ်အား လိုင်းမှ တဖြည်းဖြည်း လျော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် စက်မှုဖွံ့ဖြိုး တိုးတက်ရန် အတွက် လိုအပ်ပါက လျှပ်စစ်မီး အပြည့်အ၀ ရရှိရန် လျှပ်စစ်မီး ထုတ်နိုင်သော စက်ပစ္စည်းများကို တင်သွင်းပြီး မြန်မာစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ကူညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်မီး လိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံတော် လျှပ်စစ် ကဏ္ဍကို ၅၃၄ မဂ္ဂါဝပ် အထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း အောင်မြင်ရန် သာမကဘဲ ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်များမှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံပိုင် စက်မှုလုပ်ငန်း များကိုလည်း ပုဂ္ဂလိကသို့ အားလုံး ရောင်းချပေးသွား မည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ယင်းတို့၏ စက်မှုလုပ်ငန်းများ နိုင်ငံတကာနှင့် နည်းတူ အောင်မြင်ရန် ကြိုးစား ကြမည် ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်း များမှာ အားလုံး အရှုံးပေါ် နေပြီး ပုဂ္ဂလိကသို့ လွှဲပြောင်း လိုက်မှသာ စက်မှုလုပ်ငန်းများ အောင်မြင် လာမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ ဒုဝန်ကြီး က မီဒီယာ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...