ရန်ကုန် ၊ ၂၆-၈-၂၀၁၃

" ဒီ နှစ်လ ၊ သုံးလ လောက်မှာ ထီရောင်းအားက
အတော်ကြီးကို တိုးတက်လာ ခဲ့တယ် ၊ နှိုင်းယှဉ် ပြောရရင် ပြီးခဲ့တဲ့ ဇွန်လက ထီအစောင်ရေ
၂၇၈ သိန်းကျော် ရောင်းရလို့ဆိုပြီး ဇူလိုင်လကျတော့ ထီအစောင်ရေ ကိုးသိန်း ထပ်တိုးတယ်
၊ အဲဒီလို ထပ်တိုးတာလည်း ရောင်းအား ကောင်းတော့ အကုန် ကုန်ပါတယ် ၊ အဲဒါနဲ့ ဒီလ ( သြဂုတ်လ
) မှာ ထီအစောင်ရေ နောက်ထပ် ၂၇ သိန်း ထပ်တိုး ရောင်းတယ် ၊ အဲဒါလည်း အကုန်လုံးနီးပါး
ကုန်လိမ့်မယ်လို့ မျှော်မှန်း ထားပါတယ် ၊ ဇွန်လထက်စာရင် စုစုပေါင်း ထီအစောင်ရေ ၃၆ သိန်းလောက်
ပိုရောင်း လာရတယ် ၊ အခုဆိုရင် အောင်ဘာလေထီ ရောင်းအားက တစ်လကို အစောင်ရေ ၃၁၅ သိန်း နီးပါးလောက်
ရောင်းရလာတာတယ် ၊ ထီအစောင်ရေ တိုးရောင်း လာရသလို
ဆုမဲ အရေအတွက် ကလည်း အချိုးကျ တိုးသွားမှာပါ။ ကျပ် သိန်း ၁ဝဝ မင်္ဂလာစုံတွဲ စနစ်တွေနဲ့
သိန်း ၂ဝဝ ၊ သိန်း ၃ဝဝ ဆုတွေမှာ အရေအတွက် တိုးပြီး ဖွင့်သွားဖို့ အခြေအနေ များပါတယ်
... '' ဟု ၄င်းက ပြောပြခဲ့သည်။
အောင်ဘာလေ ထီများသည် မြန်မာနိုင်ငံ
အောက်ပိုင်း ဒေသများထက် အလယ်ပိုင်း နှင့် အထက်ပိုင်း ဒေသများတွင် ရောင်းအားများ ပိုမိုကောင်းလာ
ခဲ့ရာ အချို့သော ထီရောင်းအား ၊ ပေါက်အား ကောင်းသော ထီအရောင်း ဆိုင်များတွင် ၄င်းထီများကို
တစ်စောင်လျှင် ငွေကျပ် ၃၀၀ ကျပ်နှုန်း အထိ ရောင်းချ လာကြကြောင်း ကြားသိရသည်။ အဆိုပါ
အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေ ၏ ၆၀ ရာခိုင်နှုန်း ကို နိုင်ငံတော်မှ ဆုမဲများ ပြန်လည်ခွဲဝေပေးပြီး
၎ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်အဖြစ် ပေးသွင်းကာ လစဉ်လဆန်း ၁ ရက်နေ့တိုင်းတွင်
ထီပေါက်မဲ များကို ဖွင့်ပေးလျက် ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment