လားရှိုး ၊ ၂၆-၈-၂၀၁၃
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့ ပြည်နယ် သာသနာ့ နုဂ္ဂဟအသင်း နှင့် ဓမ္မရောင်ခြည် ၊
ဓမ္မဒါန လုပ်ငန်းတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သော အမျိုးသား ယဉ်ကျေးမှုနှင့် စာရိတ္တပညာ
နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၄ ရက် ညနေ ၄ နာရီတွင် ရပ်ကွက်(၂) ၊ သာသနာ့
ဗိမာန် တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ အေတီတပ်ဦး ကျောင်းဆရာတော် အရှင်ဓမ္မနန္ဒ ၊
ဓမ္မရန်သီ ကျောင်းတိုက် (မြစ်ငယ်)ဆရာတော် အရှင်ဝိဇရာ လင်္ကာရ နှင့် ပင့်သံဃာတော်များ ၊
သင်တန်းနည်းပြများ ၊ သင်တန်း တက်ရောက်ခဲ့သော မြို့ပေါ်ရှိ သံဃာတော်များ ၊ သီလရှင် ဆရာလေးများ
၊ အခြေခံပညာ ကျောင်းများမှ ဆရာ ၊ ဆရာမများ ၊ ပြင်ပမှ စိတ်ဝင်စား သူများ တက်ရောက် ကြကြောင်း
သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်
ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်း ဖြစ်မြောက်ရေး အဖွဲ့ ၊ အေတီတပ်ဦး
ကျောင်းဆရာတော် အရှင်ဓမ္မနန္ဒ မှ သင်တန်းဆင်း သြဝါဒ စကားချီးမြှင့် ပေးခဲ့သည်။ ထို့နောက်
အမျိုးသား ယဉ်ကျေးမှု နှင့် စာရိတ္တပညာ နည်းပြသင်တန်း ဖြစ်မြောက်ရေး အလှူရှင်များက သင်တန်း
နည်းပြ ဆရာတော် အရှင် ဝိဇရာ လင်္ကာရ နှင့် သံဃာတော် များအား လှူဖွယ် ပစ္စည်းများ ဆပ်ကပ်
လှူဒါန်းပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား ဆရာမ တစ်ဦးမှ ကျေဇူးတင် စကား ပြောကြားခြင်း
၊ သင်တန်းသား သင်တန်းသူ များမှ သင်တန်းဆရာ ၊ ဆရာများအား ဂါရဝ လက်ဆောင်များ ပေးအပ်ခဲ့ပြီး
သင်တန်း နည်းပြ ဓမ္မရောင်ခြည် ၊ ဓမ္မဒါန လုပ်ငန်း(မန္တလေး) ဥက္ကဌ ဆရာ ဦးလှမျိုး မှ အမှာစကား
ပြောကြားခဲ့ကာ အခမ်းအနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
သိရှိရသည်။
No comments:
Post a Comment