Social Icons

Pages

Thursday, August 29, 2013

အင်းလေးဖောင်တော်ဦးဘုရား ၂၁ ဌာန ဒေသစာရီကြွချီရာ ရေလမ်းကြောင်းတစ်လျှောက် ကြိုတင်ပြင်ဆင်

ညောင်ရွှေ ၊ ၂၉-၈-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ် အင်းလေး ဖောင်တော်ဦး ဘုရားကြီးသည် နှစ်စဉ်နှစ်တိုင်း အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာန သို့ ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံ သည်မှာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။

ထိုသို့ လှည့်လည် အပူဇော် ခံရာတွင် မြန်မာနိုင်ငံ အတွင်းရှိ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ ၊ နိုင်ငံခြားသား ခရီးသည်များ လည်း လာရောက် ဖူးမြော် လေ့လာကြသည်။ ယခုနှစ်တွင် လည်း အောက်တိုဘာလ ၅ ရက် (သီတင်းကျွတ် လဆန်း ၁ ရက်) ကျောင်းတော်ကြီးမှ အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော်ခံမည် ဖြစ်သည်။


ထိုသို့ ဖောင်တော်ဦး ဘုရား လှည့်လည် အပူဇော်ခံရန် ဒေသစာရီ ကြွချီရာ ရေလမ်း တစ်လျှောက်တွင် အခက်အခဲ မရှိ အဆင်ပြေ ချောမွေ့စွာ ကြွချီနိုင်ရေး အတွက် ရေလမ်း တစ်လျှောက်ရှိ နုန်း ၊ သဲများကို  စက်ယန္တရားကြီး များဖြင့် တူးဖော်ခြင်း ၊ အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားခြင်း ၊ ဖောင်တော် ဆိုက်ကပ်ရာ နေရာများ၌ တံတား ပြုပြင်ခြင်း များကို ညောင်ရွှေမြို့နယ် ဆည်မြောင်း ဦးစီးဌာန ၊ သစ်တောဦးစီး ဌာန ၊ ညောင်ရွှေ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ဦးဆောင်၍ မိမိတို့ ကဏ္ဍအလိုက် ကြိုတင်ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...