Bus Rapid Transit (BRT) System
အမြန်သွားဘတ်(စ်)ကား ပို့ဆောင်မှုစနစ်
EST သဘာဝ ပတ်ဝန်းကျင် ရေရှည် တည်မြဲစေသော
သယ်ယူ ပို့ဆောင်မှု၏ သမူဟ မဟာဗျူဟာ (၁၂)ချက် အနက်မှ တစ်ခုဖြစ်သည့် Public Transport
Planning and Transport Demand Management (TDM) (လူထု သယ်ယူ ပို့ဆောင်ရေး အစီအမံနဲ့
သယ်ယူ ပို့ဆောင်ရေး လိုအပ်ချက် စီမံခန့်ခွဲမှု) ကို အကောင် အထည် ဖော်ရာတွင် ကမ္ဘာ့နိုင်ငံ
အများအပြား၌ အအောင်မြင်ဆုံး နည်းလမ်း တစ်ခုဖြစ်သည့် Bus Rapid Transit (BRT)
System ( အမြန်သွား ဘတ်(စ်)ကား ပို့ဆောင်မှုစနစ် ) ကို တင်ပြလိုပါတယ်။
တစ်ကယ်တော့ BRT ဆိုတာ စရိတ်စက ကုန်ကျမှု
အနည်းဆုံးနဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက် မရှိသလောက်နဲ့ သာမန် ဘတ်(စ်)ကား ပို့ဆောင်မှု
စနစ်ကို ပိုမိုလျင်မြန်စွာ ပိုမိုအကျိုးဖြစ်ထွန်းစွာ သယ်ယူ ပို့ဆောင်နိုင်အောင် စနစ်တကျ
ပြုပြင် ပြောင်းလဲပေးတဲ့ စနစ်ဖြစ်ပါတယ်။ မြို့ပြ သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုမှာ ရှိနေပြီးသား
ဖြစ်တဲ့ အခြေခံ အဆောက်အဦ (လမ်းတံတား ကားမှတ်တိုင် စသည်) နဲ့ ဘတ်(စ်)ကား တွေကိုပဲ အသုံးပြုပြီး
ပိုမို လျင်မြန်တဲ့ Rail Transit (ရထားပို့ဆောင်မှု) ပုံစံ ဖြစ်အောင် ပြင်ဆင် ပေးလိုက်တဲ့
အခါမှာ BRT စနစ်ဖြစ်လာ ပါတယ်။ အဓိက ပြောင်းလဲမှုကတော့ ဘတ်(စ်)ကားလမ်း ကို သီးခြား သတ်မှတ်ပေး
လိုက်တာပဲ ဖြစ်ပါတယ်။ (ရန်ကုန်မြို့တော်မှာ လည်း အဲဒီနည်းလမ်း ဆန်ဆန် ဘတ်(စ်)ကား လမ်းကြောင်းကို
မျဉ်းအ၀ါနဲ့ ရေးဆွဲ သတ်မှတ်ခဲ့ဖူး ပါတယ်။) အဲဒီဘတ်(စ်)ကား လမ်းကို အခြားယာဉ်တွေ မ၀င်ရောက်
နိုင်အောင် ဘတ်(စ်)ကား တွေလည်း မထွက်နိုင်အောင် ကာရံထားပေးပြီး လမ်းကြောင်းကို လည်း
ကားတစ်စီးစာ အကျယ်ပဲ လုပ်ပေးထား ပါတယ်။ ပြီးတော့ အခြားယာဉ်တွေ အတွက် သွားလာရေးလည်း
မထိခိုက်အောင် ဘတ်(စ်)ကား မှတ်တိုင်တွေကို ပုံမှန်အားဖြင့် လမ်းအလယ်မှာ ဆောက်လုပ်ထားပေးလေ့
ရှိပါတယ်။ BRT စနစ်ကို ၁၉၇၄ခုနှစ် လောက်က ဘရာဇီးနိုင်ငံမှာ စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ
မြောက်အမေရိက၊ ဥရောပနဲ့ သြစတြေးလျ တို့ထိ တွင်တွင်ကျယ်ကျယ် အသုံးပြု လျက်ရှိပြီး အဲဒီနိုင်ငံတွေမှာ
Busway, Quality Bus လို့လည်း ခေါ်ဝေါ် ကြပါတယ်။ အောင်မြင်တဲ့ စနစ်မှာဆိုရင် သယ်ယူပို့ဆောင်မှုနှုန်းဟာ
တစ်နာရီကို (၁၇)မိုင်ကနေ မိုင်(၃၀)ကြားထိ ရှိပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့
အင်ဒိုနီးရှား တို့မှာ အသုံးပြုလျက် ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုရင် BRT ယာဉ်တွေဟာ
မြေအောက် မီးရထားတွေလို မှတ်တိုင်မှာ ဘတ်(စ်)ကား ရောက်ရှိမယ့် အချိန်စာရင်းတွေ ရေးထားပြီး
ဘတ်(စ်)ကား တွေကလည်း အဲဒီအချိန်တွေ အတိုင်း ရောက်ရှိအောင် မောင်းနှင်နိုင်တဲ့ အထိ ဆောင်ရွက်နိုင်
နေပြီဖြစ်ပါတယ်။ ခရီးသည် အများစုကို အချိန်တို အတွင်း ထိထိရောက်ရောက် လျင်လျင်မြန်မြန်
ပို့ဆောင် ပေးနိုင်တဲ့ BRT စနစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည် ဖေါ်နိုင်မယ်ဆိုရင်
အချိန်ကြာမြင့်စွာ ဘတ်(စ်)ကားစောင့်ရ စီးရတဲ့ ဒုက္ခတွေ တစ်စီးနဲ့ တစ်စီး အပြိုင်မောင်းလို့
ဘုရားတ နေရတဲ့ဒုက္ခတွေ ငါးပိသိပ် ငါးချဉ်သိပ် တိုးဝှေ့စီးရတဲ့ ဒုက္ခတွေက လွတ်ကင်း နိုင်မယ်လို့
မျှော်လင့်ရပါတယ်။
အမေရိကန် နိုင်ငံ၌ Bus Rapid
Transit ပေါင်း ၄၈ ခု အသုံးပြုလျက် ရှိသည်
အိန္ဒိယ နိုင်ငံ ဒေလီမြို့ Bus
Rapid Transit
တရုတ်နိုင်ငံ ကျန်စုမြို့က Bus
Rapid Transit
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်က
Bus Rapid Transit
တောင်အာဖရိက နိုင်ငံမှ Bus Rapid
Transit
မူလနေရာ = http://www.patheincity.blogspot.com/2011/11/bus-rapid-transit-brt-system.html
မူလနေရာ = http://www.patheincity.blogspot.com/2011/11/bus-rapid-transit-brt-system.html






No comments:
Post a Comment