၁၀-၇-၂၀၁၃
ဂျာမဏီနိုင်ငံ လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ
တစ်ခုက မြောက်ကိုရီးယား ၏ မြေအောက် ဘန်ကာ များကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်း ရှိသည့်
ဝေဟင်မှ မြေပြင်ပစ် Taurus ခရုဇ်ဒုံးပျံ များအား တောင်ကိုရီးယား နိုင်ငံသို့ ရောင်းချပေးရန်
စီစဉ်လျက် ရှိခြင်းကြောင့် မြောက်ကိုရီးယား သံတမန် များကို စိတ်ဆိုး ဒေါသထွက် စေခဲ့ကြောင်း
ရုရှားနိုင်ငံ အခြေစိုက် Interfax သတင်း အေဂျင်စီ က ပြောကြား ခဲ့သည်ဟု ဇူလိုင်လ ၉ ရက်နေ့
NEWS now သတင်းတစ်ပုဒ် အရ သိရသည်။
အဆိုပါ Taurus ခရုဇ်ဒုံးပျံ ၁၇၀ စင်း၏
တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန်ဖိုး ရှိကြောင်း နှင့် ထိုသို့ တောင်ကိုရီးယား
သို့ ဒုံးပျံများ ရောင်းချ ပေးခြင်းသည် ဂျာမဏီ နိုင်ငံက ရန်လိုသည့် ဆောင်ရွက်မှု ကို
ပြုလုပ်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား သံတမန် အရင်းအမြစ် တစ်ရပ်က ပြောကြား ခဲ့သည်။
အမေရိကန် သည် နည်းပညာမြင့် လက်နက်များအား တောင်ကိုရီးယား သို့ ရောင်းချ ပေးခဲ့ခြင်း
မရှိသော်လည်း ဂျာမဏီ နိုင်ငံကမူ တောင်ကိုရီးယား သို့ ထိုးစစ်ဆင် နိုင်စွမ်း ရှိသည့်
လက်နက်များကို ရောင်းချပေးရေး စီစဉ်လျက် ရှိကြောင်း ၊ အဆိုပါ အပြုအမူ သည် ကိုရီးယား
ကျွန်းဆွယ် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ကို ထိခိုက်စေမည် ဖြစ်ကြောင်း အဆိုပါ သံတမန်
အရင်းအမြစ် က ပြောကြား ခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီး ကင်ဂွမ်ဂျင်
သည် ဘန်ကာဖျက် ဒုံးပျံများ ၀ယ်ယူရန် အတွက် ကာကွယ်ရေး ဆိုင်ရာ လက်နက် ပစ္စည်း ၀ယ်ယူရေး
အစီအစဉ် ကို အတည်ပြု ခဲ့ကြောင်း Yonhap သတင်း အေဂျင်စီ က ဇွန်လတွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း
သိရှိရသည်။



No comments:
Post a Comment