ရန်ကုန် ၊ ၁၁-၇-၂၀၁၃
မြန်မာနိုင်ငံ မှ ငါးမွေးမြူရေး လုပ်ငန်းများ
၊ သားဖောက် လုပ်ငန်းများ ၊ ငါးမျိုးကောင်း မျိုးသန့်များ ပေါ်ထွက် လာစေရေး လုပ်ငန်းများ
နှင့် ပတ်သက်၍ အနောက် နိုင်ငံ တစ်ချို့က ငါးမွေးမြူရေး ဆိုင်ရာ ပညာရှင် အဖွဲ့အစည်း
များသည် မြန်မာနိုင်ငံ ကို အကူအညီ ပေးရန် စိတ်ဝင်စား လျက်ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ အဖွဲ့အစည်း များထဲမှ ငါးလုပ်ငန်း
နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် စေရေးအတွက် နိုင်ငံတကာ သို့ လှည့်လည် အကူအညီ
ပေးနေသော အဖွဲ့အစည်း တစ်ခု ဖြစ်သည့် နော်ဝေး နိုင်ငံ အခြေစိုက် NOFIMA သည် မြန်မာနိုင်ငံ
မှ ငါးသလောက် သယံဇာတ ထိန်းသိမ်းရေး နှင့် အောင်မြင် ဖြစ်ထွန်းသော သားဖောက်နည်း များ
အကူအညီ ပေးရေး ကိစ္စကို အကောင် အထည်ဖော် နိုင်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ
NOFIMA အဖွဲ့သည် အိန္ဒိယ နိုင်ငံမှ CIFRI နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ BFRI အစရှိသော
ငါးလုပ်ငန်း သုတေသန သိပ္ပံ အဖွဲ့အစည်း များနှင့်
ပူးပေါင်းကာ ငါးသလောက် မျိုးသန့် မျိုးပွား သားဖောက်ခြင်း ဆိုင်ရာ သုတေသန လုပ်ငန်းများကို
အောင်မြင်စွာ လုပ်ဆောင် နေသော အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံ သည် ဘင်္ဂလား ပင်လယ်အော်
တွင် ငါးသလောက် သယံဇာတ ထိန်းသိမ်းရေး ကို အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံများ နှင့်
ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိပြီး အဆိုပါ နိုင်ငံများမှ တစ်ဆင့် NOFIMA အဖွဲ့အစည်း
သို့ ဆက်သွယ် မိခဲ့ပြီးနောက် ယခုကဲ့သို့ ငါးမွေးမြူရေး ၊ သားဖောက်ရေး နှင့် ငါးမျိုးကောင်း
မျိုးသန့်များ ပေါ်ထွက်လာရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီများ ရရှိရန် စတင် အကောင်
အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment