Social Icons

Pages

Thursday, July 11, 2013

၂၀၁၃ ခုနှစ် ဓမ္မဒူတ ဘာသာရေး စာပေဆုပြိုင်ပွဲအတွက် စာမူများ ဖိတ်ခေါ်

ရန်ကုန် ၊ ၁၁-၇-၂၀၁၃

၂၀၁၃ ခုနှစ် ဓမ္မဓူတ ဘာသာရေး စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စာမူများ ဖိတ်ခေါ် ထားကြောင်း သိရသည်။ ယင်း ပြိုင်ပွဲဝင် စာမူများ ဖိတ်ခေါ်ရာတွင် လုံးချင်းကျမ်း စာပေဆု နှင့် ဆောင်းပါးဆု များအတွက် ဖိတ်ခေါ် ထားခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် စာမူများကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဓမ္မဒူတ ဘာသာရေး စာပေဆု ရွေးချယ်ရေး အဖွဲ့ တည်ရှိရာ အမှတ် ၅၀၈/၅၁၂ (၂-၁) ပထမထပ် ၊ ကုန်သည်လမ်း နှင့် ဆိပ်ကမ်းသာ လမ်းထောင့် သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ဖိတ်ခေါ် လုံးချင်းကျမ်း စာပေဆု အတွက် စာပေဆု ရွေးချယ်ရေး အဖွဲ့၏ သတ်မှတ်ချက် များမှာ ရည်ရွယ်ချက် အားဖြင့် မြင့်မြတ်သည့် ကိုယ်ကျင့်တရား ဆောက်တည်ခြင်း ဖြင့် လူ့လောက စည်ပင် သာယာရေး အတွက် အကျိုးပြု နိုင်သည့် ဦးတည်ချက် ဖြင့် ရေးသား ရမည် ဖြစ်သည်။ ကွန်ပျူတာ စာလုံး အရွယ်အစား ၁၄ ပွိုင့်ဖြင့် A4 စာရွက်တွင် တစ်မျက်နှာ ၃၂ ကိုက်စာစီပြီး စာမျက်နှာ ၁၅၀ မှ ၂၀၀ အတွင်း ရှိရမည် ဖြစ်သည်။ စာမူ ခေါင်းစဉ်ကို ကန့်သတ်ချက် မထားဘဲ မိမိနှစ်သက် သလို ပေးနိုင်ပြီး စာမူ ၄စုံ တင်သွင်း ရမည် ဖြစ်သည်။ ဖိတ်ခေါ် ဆောင်းပါးဆု အတွက် ကွန်ပျူတာ စာလုံး အရွယ်အစား ၁၄ ပွိုင့်ဖြင့် A4 စာရွက်တွင် တစ်မျက်နှာ ၃၂ ကိုက် စာစီပြီး စာမျက်နှာ ၁၅ မှ ၂၀ အတွင်း ရှိရမည် ဖြစ်ပြီး ခေါင်းစဉ်ကို မိမိ နှစ်သက်သလို ပေးနိုင်ကြောင်း သိရသည်။


ပြိုင်ပွဲဝင် စာမူများသည် မိမိကိုယ်တိုင်ရေး စာမူ ဖြစ်ရန် လိုအပ်ပြီး မည်သည့် မဂ္ဂဇင်း စာစောင် များတွင်မှ ဖော်ပြခံ ထားရခြင်း မရှိရန် လိုအပ်သကဲ့သို့ ပေးပို့ ထားခြင်းလည်း မရှိသည့် စာမူလည်း ဖြစ်ရမည်ဟု ဆုရွေးချယ်ရေး အဖွဲ့က သတ်မှတ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...