Social Icons

Pages

Thursday, July 18, 2013

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကြောင့် ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြင့်တက်


ရန်ကုန် ၊ ၁၈-၇-၂၀၁၃

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ခြေ ရှိသည့် အလားအလာ များကြောင့် ဟိုတယ်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံ မှုများ မြင့်တက် လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွင် ဟိုတယ် စီမံကိန်းပေါင်း ၃၆ ခုရှိပြီး အခန်းပေါင်း ၆၇၆၆ ရှိကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၅၆ သန်းကျော် ရှိသဖြင့် စင်ကာပူ ၊ ထိုင်း ၊ ဂျပန် ၊ ဟောင်ကောင် ၊ မလေးရှား ဗြိတိန် နှင့် ဗီယက်နမ် တို့မှ ၂၀၁၂ ခုနှစ်ကုန်ပိုင်း တွင် ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ် လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ၀င်ရောက် လာခဲ့ပြီး အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ၊ သတ္ထု တူးဖော်ရေး နှင့် လျှပ်စစ်ကဏ္ဍ များသာဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ များပေါ်တွင် မူတည်၍ ခရီးသွားများ မြင့်တက် လာခဲ့ခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး အပါအ၀င် အဓိက ခရီးစဉ် ဒေသများ၌ ဟိုတယ် အခန်းလိုအပ်ချက် များ မြင့်တက် လာ၍ ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု များ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွင် ပါဝင်သော ထုတ်လုပ်မှု နှင့် ဟိုတယ် ကဏ္ဍသည် ယခုနှစ် ဇွန်လ တစ်လတည်း မှာပင် အမေရိကန် ဒေါ်လာ ၄၂၃ သန်း ရရှိခဲ့ကြောင်း ၊ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံ သော နိုင်ငံများမှာ ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၃၇၉ သန်း ၊ စင်ကာပူက အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၆ သန်း ၊ ဗြိတိန် က အမေရိကန် ဒေါ်လာ  ၁၅ ဒသမ ၈ သန်း ၊ တရုတ်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ သန်း နှင့် အိန္ဒိယက အမေရိကန် ဒေါ်လာ  ၉ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံ ခွင့်ရရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၏ အချက်အလက် များအရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...