Social Icons

Pages

Thursday, July 18, 2013

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ မသန်စွမ်းလူငယ်များ တွေ့ဆုံပွဲသို့ အနုပညာတက္ကသိုလ်မှ ၃ ဦးတက်ရောက်မည်


ရန်ကုန် ၊ ၁၈-၇-၂၀၁၃

ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလျက် ရှိသည့် အာဆီယံ မသန်စွမ်း လူငယ်များ တွေ့ဆုံပွဲသို့ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ ၃ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာဆီယံ မသန်စွမ်း လူငယ်များ ပွဲတော် ကို ၂၀၀၆ ခုနှစ်မှ စ၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ တွင် နှစ်စဉ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ မှ အခြားသော မသန်စွမ်း လူငယ်များလည်း တက်ရောက် ခဲ့ဖူးကြောင်း သိရသည်။

" အာဆီယံ နိုင်ငံတွေက မသန်စွမ်း လူငယ်တွေ ကို ဖိတ်ကြားပြီး တွေ့ဆုံတဲ့ ပွဲတစ်ခုပါ ၊ သူတို့တွေကို တစ်ပတ် စခန်းသွင်းပြီး သူတို့ ၀ါသနာ ပါတဲ့ အနုပညာ ကို ဆရာ ဆရာမတွေက သင်ကြားပေးမယ် ၊ အဲဒီမှာ ပန်းချီဆို ပန်းချီ ၊ ဂီတဆို ဂီတ စသဖြင့် မဏ္ဍပ်တွေ ထိုးထားတယ် ၊ မျက်မမြင် ကလေးတွေက ပန်းချီဆွဲချင်တယ် ဆိုလည်း ဆွဲလို့ရတယ် ၊ အဓိက ကတော့ အနုပညာ နဲ့ စိတ်ဓာတ် မြင့်မားအောင် ဆောင်ရွက်ပြီး သူတို့ရဲ့ အနာဂတ် ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ပေးတာပါ ... " ဟု အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ယင်းပွဲတော်ကို Art for all colour of ASEAN ဟု အမည်ပေးထားပြီး အနုပညာ တက္ကသိုလ်မှ ပန်းချီဆရာမ တစ်ဦး ၊ ရုပ်သေး ဆရာမ တစ်ဦး နှင့် ပန်းချီဌာန မှ ဒုတိယနှစ် ဂုဏ်ထူးတန်း တက်ရောက် နေသည့် မသန်စွမ်း ကျောင်းသူ တစ်ဦးက ပထမဆုံး အကြိမ်ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ပွဲတော်သို့ ဇူလိုင်လ ၁၈ ရက်တွင် သွားရောက်မည် ဖြစ်ပြီး တစ်ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။


ယခင်နှစ်များတွင် မသန်စွမ်း ကျောင်းများမှ လူငယ်များ သွားရောက် ခဲ့ဖူးပြီး အဆိုပါ ပွဲတော် စတင် ကျင်းပသည့် နှစ်တွင် ထိုင်းဘုရင့် သမီးတော် သီရိဒုံ ၏ ညီမဖြစ်သူက တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...