Social Icons

Pages

Monday, July 8, 2013

မြန်မာ့ဆန်တင်ပို့မှု ၂၀၂၀ ပြည့်နှစ်တွင် ၃ ဆ မြင့်တက်မည်


ရန်ကုန် ၊ ၈-၇-၂၀၁၃

မြန်မာနိုင်ငံ ၏ ဆန်တင်ပို့မှု မှာ ယခုနှစ်တွင် တင်ပို့သော ကုန်တန်ချိန် ထက် ၂၀၂၀ ပြည့်နှစ်တွင် ၃ ဆမြင့်တက် လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက် များအရ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှုမှာ ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ပြီး နှစ်ပေါင်း ၄၆ နှစ်တွင် အမြင့်ဆုံး ဆန်ပြန်လည် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ သည် ဆန်တင်ပို့မှု မြင့်တက် လာစေရန် အများပိုင် ကုမ္ပဏီ ဖွဲ့စည်းခြင်း ၊ တောင်သူ လယ်သမား ကြီးများနှင့် အကျိုးတူ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း များကို ပြုလုပ် နေကြောင်း ဆန်စပါး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ သည် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းဆန် အသားတင် ထုတ်လုပ်မှုမှာ ၁၂ ဒသမ ၉ သန်း မက်ထရစ်တန် ထွက်ရှိပြီး ပြည်တွင်း စားသုံးမှုမှာ ၁၁ ဒသမ ၄၃ သန်း မက်ထရစ် စားသုံးပြီး ပြည်ပသို့ တင်ပို့မှုသည် ယခုနှစ်တွင် ၁ ဒသမ ၄၇ သန်း မက်ထရစ်တန် ရှိကြောင်း သိရသည်။

လာမည့် ၂၀၁၉ - ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ဆန် တင်ပို့မှုမှာ ၄ ဒသမ ၈ သန်း မက်ထရစ်တန် ရှိလာမည် ဖြစ်ပြီး ပြည်တွင်း ဆန်ထုတ်လုပ်မှုမှာ ၁၄ ဒသမ ၈၆ မက်ထရစ်တန် ဖြစ်လာမည် ဖြစ်သည်။ ပြည်တွင်း စားသုံးမှု မှာလည်း လျော့နည်း သွားမည် ဖြစ်ပြီး ၁၀ ဒသမ ၁၈ သန်း မက်ထရစ်တန် ရှိမည် ဖြစ်ကြောင်း ခန့်မှန်း ထားသည်။

ပြည်တွင်းဆန် ထုတ်လုပ်မှု မြင့်တက် လာစေရန် ဆန်စပါး မျိုးစိတ် ၁၀ မျိုးကို ရွေးချယ် စိုက်ပျိုးနိုင်ရန် နှင့် နည်းပညာ ပို့ချခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ တောင်သူ လယ်သမားများ အသင်း (ယာယီ) က လုပ်ဆောင် နေကြောင်း သိရသည်။ မြန်မာ့ဆန် တင်ပို့မှုမှာ အရည်အတွက် မှ အရည်အချင်း သို့ ကူးပြောင်း လာနေကြောင်း ဂျပန်နိုင်ငံ သို့ တင်ပို့သော ဆန်များက သက်သေပြ နေသည်ဟု သိရသည်။

မြန်မာနိုင်ငံ ၏ ဆန်များသည် ယခင်က ၂၅ မတ်ဆန် ကိုသာ အဓိက တင်ပို့နေပြီး ယခုနောက်ပိုင်း တွင် ၁၅ မတ် ၊ ၁၀ မတ် နှင့် တန်မြင့် ဆန်များကိုပါ တင်ပို့ လာနေကြောင်း သိရသည်။ မြန်မာနိုင်ငံ သည် ယခင်က အာဖရိက ၊ အာရှနိုင်ငံများ သို့သာ အဓိက ဆန်တင်ပို့ နေသော်လည်း ယခုနောက်ပိုင်း တွင် ဥရောပ နိုင်ငံများသို့ စမ်းသပ် တင်ပို့ နေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...