နေပြည်တော် ၁၇-၇-၂၀၁၃
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း ၊ အားကစားရုံများ တည်ဆောက် ပြီးစီးမှု နှင့် အားကစား
နည်းအလိုက် အားကစား သမားများအား စခန်းသွင်း လေ့ကျင့်ပေး နေမှုများကို ယမန်နေ့ မွန်းလွဲ
၂ နာရီတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ
နာယက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။
ရှေးဦးစွာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း
သည် ကနူး/ ကယက် ၊ အနောက်တိုင်း လှေနှင့် ရိုးရာလှေ ပြိုင်ပွဲများ ကျင်းပမည့် ငလိုက်ဆည်
သို့ ရောက်ရှိရာ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း က အားကစား နည်းအလိုက်
ကြိုတင် ပြင်ဆင် ထားရှိမှု ၊ ပြိုင်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် ပြီးစီးမှု
နှင့် အားကစား သမားများအား စခန်းသွင်း လေ့ကျင့်ပေး နေမှုတို့ကို လိုက်လံ ရှင်းလင်း ပြသသည်။
ထို့နောက် ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင်
များသည် ၀ဏ္ဏသိဒ္ဓိ အားကစားရွာ အနီးရှိ မြင်းစီး အားကစား ပြိုင်ကွင်း တည်ဆောက် ပြီးစီးမှု
၊ ပြိုင်မြင်များ စုဆောင်း ထားရှိမှု နှင့် လေ့ကျင့်ပေး နေမှုများကို လည်းကောင်း ၊ အားကစား
သမားရွာ ၊ ဆေးခန်း နှင့် စားရိပ်သာ တို့ကို လည်းကောင်း ၊ ၀ဏ္ဏသိဒ္ဓိ ရေကူးကန် နှင့် ၀ဏ္ဏသိဒ္ဓိ
Sport Complex တည်ဆောက် ပြီးစီးမှု ကိုလည်းကောင်း ၊ အားကစား နည်းများ အလိုက် အားကစား
သမားများ စခန်းသွင်း လေ့ကျင့် ပေးနေမှု ကိုလည်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ
တာဝန်ရှိသူ များက ကဏ္ဍအလိုက် လိုက်လံ ရှင်းလင်း ပြသပြီး ဒုတိယ သမ္မတ က လိုအပ်သည်များ အား
လမ်းညွှန် မှာကြား ခဲ့သည်။
ထိုမှ တစ်ဆင့် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း
အား ၀ဏ္ဏသိဒ္ဓိ အားကစား ရုံးဧည့်ခန်းမ၌ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း က အရှေ့တောင်
အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် ပြီးစီးမှု ၊ အားကစားကွင်း
များ တည်ဆောက် ပြီးစီးမှု ၊ အားကစား နည်းအလိုက် ပြိုင်ပွဲဝင် အားကစား သမားများအား ပြည်တွင်း
/ ပြည်ပ မှနည်းပြများ နှင့် လေ့ကျင့်ပေးမှု အခြေအနေများ ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်
အာဆီယံ နိုင်ငံများမှ အားကစား သမားများ နှင့် တာဝန်ရှိ သူများအား နေရာချ ထားမည့် အစီအစဉ်များ
နှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်း တင်ပြရာ ဒုတိယ သမ္မတ က လုပ်ငန်းပိုင်း ဆိုင်ရာ များကို
ဆွေးနွေး မှာကြားသည်။
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပြိုင်ပွဲ ကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင်
ကမ်းခြေများတွင် ကျင်းပ သွားမည် ဖြစ်သည်။ ပြိုင်ပွဲများ ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း
၊ ဇေယျာသီရိ အားကစားကွင်း ၊ မြားပစ်ကွင်း ၊ မြင်းစီးကွင်း ၊ ငလိုက်ဆည် တို့တွင် တည်ဆောက်ရေး
လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီး ဖြစ်ကာ အားကစားရွာ တည်ဆောက်မှု မှာ ရာနှုန်းပြည့်
နီးပါး ပြီးစီး နေပြီ ဖြစ်သည်။


No comments:
Post a Comment