Social Icons

Pages

Saturday, July 6, 2013

ဒေါ်လာဈေး မြင့်တက်သော်လည်း ပြည်တွင်း၌ ပဲမျိုးစုံဈေး ကျဆင်းလျက်ရှိ


ရန်ကုန် ၊ ၆-၇-၂၀၁၃

အိန္ဒိယ ဈေးကွက်အတွင်း ရူပီးငွေဈေး ဖောင်းပွနေ၍ အိန္ဒိယမှ ၀ယ်လိုအား နည်းလာ သောကြောင့် ပြည်တွင်း ပဲဈေးကွက် တွင် ပဲမျိုးစုံဈေး ကျဆင်းလျက် ရှိသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည် များအသင်းမှ သိရသည်။

အိန္ဒိယ ငွေကြောင်း ဖောင်းပွကာ ၀ယ်လိုအား နည်းပြီး ပြည်တွင်း ဈေးကွက် ငွေလဲနှုန်းထား မြင့်တက်သော်လည်း လက်ရှိ အခြေအနေ တွင် ပဲဈေး ပြန်လည် ကျဆင်း နေကြောင်း ၊ အထူးသဖြင့် မတ်ပဲ နှင့် ပဲစဉ်းငုံ ဈေးနှုန်း များသည် ဇွန်လဆန်း ပိုင်းကထက် ပိုမို ကျဆင်း သွားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည် များအသင်း မှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောကြား ခဲ့သည်။

" ဇွန်လပိုင်းမှာ မတ်ပဲဈေးက တစ်တန်ကို ငွေကျပ် ငါသိန်းခွဲ ၊ ပဲစဉ်းငုံ တစ်တန် ငွေကျပ် ခြောက်သိန်း လေးသောင်း ရှိတယ် ၊ အိန္ဒိယ ဈေးကွက်မှာ ငွေကြေးဈေးနှုန်း တစ်ဒေါါ်လာ ကို ၅၆ ရူပီးကနေ ၅၉ ၊ ၆၀ အထိ တက်လာတယ် ၊ မြန်မာ ငွေကြေး ဆိုရင်လည်း တစ်ဒေါ်လာ ကို ငွေကျပ် ၉၆၀ ကနေ ၁၀၀၀ အထိ တက်ပေမယ့် ပဲဈေး အရောင်းအ၀ယ် က အရမ်းပါး သွားတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် ဧပြီလ မှ ဇွန်လ အထိ ပြည်တွင်း ပို့ကုန်များသည် ယခင်နှစ် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်ထက် ပဲမျိုးစုံ ဈေးများ ကျဆင်း နေသည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...