Social Icons

Pages

Sunday, July 14, 2013

တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ မာလီနိုင်ငံ သို့စေလွှတ်မည်


၁၄-၇-၂၀၁၃

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သည် တောင်အာရိက တိုက်ရှိ မာလီနိုင်ငံ သို့ စေလွှတ်မည့် အမှတ်(၃၉၅) ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ကို နိုင်ငံ၏ အရှေ့မြောက်ပိုင်း ဟေလုံကျင်း ပြည်နယ်ရှိ ဟာဘင်မြို့ တွင် စုစည်း ထားရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် အင်ဂျင်နီယာ ၊ ဆေး နှင့် အစောင့် တပ်ဖွဲ့တို့ ပါရှိမည် ဖြစ်ပြီး ဇူလိုင်လကုန် မှ စက်တင်ဘာလ ဆန်းအထိ ၂ သုတ်ခွဲ၍ စေလွှတ် သွားမည် ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် များသည် မာလီနိုင်ငံ တွင် လမ်းတံတား များ ပြင်ဆင်ခြင်း ၊ တည်ငြိမ် အေးချမ်းမှု အား ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် ဆေးဘက်ဆိုင်ရာ အကူအညီ ပေးခြင်း တာဝန်များအား ထမ်းဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု တပ်ဖွဲ့များ ကို ၁၉၈၉ ခုနှစ်မှ စတင်၍ စေလွှတ် ခဲ့ရာ ယခုအကြိမ်သည် ၃၀ ကြိမ်မြောက် စေလွှတ်သည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...