Social Icons

Pages

Saturday, July 13, 2013

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရမည့် ဘေးဒဏ်ကြုံတွေ့နေရ

ပခုက္ကူ ၊ ၁၃-၇-၂၀၁၃

ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် ပခုက္ကူ မြို့နယ် ဘက်ကမ်း ဧရာဝတီ တံတားကြီးအောက် ကျေးရွာများ နှင့် စိုက်ပျိုးမြေ ဧကပေါင်း များစွာ ဆုံးရုံးမှု များပြား လာသည့်အပြင် မြစ်ကမ်းပါး ပြိုမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်း ရမှုနှင့် သီးနှံ စိုက်ပျိုးရန် လယ်ယာမြေ နည်းပါးလာ၍ စီးပွားရေး ကျပ်တည်း လာကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ပထမပတ် အတွင်း သိမ်ကုန်း - မရိုးကုန်းရွာ ရွာလုံးကျွတ် ရွှေ့ပြောင်း ခဲ့ရပြီး နယ်မြေချင်း ထိစပ် နေသော ရှားတော - ထနောင်းကုန်းရွာ များသည်လည်း မြစ်ကမ်းပါး ပြိုကျမှု ဘေးဒဏ်ကို ကြုံတွေ့ နေရကြောင်း သိရသည်။ ရှားတောရွာ သည် အိမ်ထောင်စု ၁၁၀ နှင့် လူဦးရေ ၄၆၀ ဦးရှိသော ရွာ ဖြစ်သည်။

ပခုက္ကူ ဦးအုန်းဖေ ၏ ဇာတိရွာ ဖြစ်သော ထနောင်းကုန်းရွာ လေးသည် အိမ်ခြေ ၁၄၅ အိမ် ၊ လူဦးရေ ၆၈၆ ဦးရှိကာ ၄င်းရွာ ၂ ရွာလုံးသည် ရွာရွှေ့ပြောင်းမှု ၅ ကြိမ် ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ မြစ်ရေဘေးဒဏ် ကြောင့် လယ်ယာမြေ နည်းပါး လာမှုနှင့် အတူ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်း လာခဲ့သည်။ ရွာ ၂ ရွာစလုံးရှိ လူငယ်လူရွယ် အများစုသည် ပညာရေး ကို ဘေးဖယ်၍ စီးပွားရေး အတွက် ရန်ကုန် ၊ မန္တလေး မြို့ကြီးများ သို့ သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။


" အခု လောလောဆယ် အိမ်ထောင်စု ၂၀ ဖြစ်သလို ရွှေ့ပြောင်း ခဲ့ရတယ် ၊ မြစ်ရေ ကလည်း ဦးတိုက်စီးဆင်း နေတော့ ရွာလုံးကျွတ် ရွှေ့ရမယ့် ကိန်းဆိုက် နေတယ် .... " ဟု ထနောင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ကပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...