မြစ်ကြီးနား ၊ ၂၃-၇-၂၀၁၃
မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ်
၏ မြို့တော် ဖြစ်သကဲ့သို့ မြို့ပြ အင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်စေရန် မြို့နယ် စည်ပင်
သာယာရေး အဖွဲ့မှ အရှိန်အဟုန် မပျက် ဆောင်ရွက် နေသော်လည်း မြို့ပေါ် ရပ်ကွက်နေ ပြည်သူများက
အိမ်မွေး တိရစ္ဆာန် များကို ကြိုးမပါဘဲ လွှတ်ကျောင်းခြင်း များကြောင့် လမ်းသွား လမ်းလာ
နှင့် ယာဉ်များ မကြာခဏ ဆိုသကဲ့သို့ တိုက်ခိုက်မိ၍ မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လျက်
ရှိပြီး လွှတ်ကျောင်း နွားများအား ဖမ်းဆီး အရေးယူမှုများ အားနည်း၍ လူနှင့် ယာဉ်များ မဖြစ်ပေါ်သင့်
သည့် အန္တရာယ်များ တိုးမြင့် ဖြစ်ပွား လာနိုင်ကြောင်း မြို့ပေါ်နေ ပြည်သူများ ထံမှ သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက
ယုဇနရပ်ကါက် မြစ်ကြီးနား - မန္တလေး သွား ပြည်ထောင်စု လမ်းမကြီးပေါ် စိမ်းမြဧရာ ပန်းခြံရှေ့တွင်
နွားတစ်အုပ် မှ သတ်မှတ် ယာဉ်ကြောအတိုင်း သွားလာ နေသော်လည်း မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်
များမှ မတိုက်မိစေရန် သတိထား မောင်းနှင် နေရပြီး အဆိုပါ လွှတ်ကျောင်း နွားများကို တာဝန်သိ
ပြည်သူများက ဖမ်းဆီးရန် အတွက်လည်း ကြိုးမပါ၍ အခက်ကြုံနေပြီး လမ်းအသုံးပြု သူများအတွက်
အန္တရာယ် များလှကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရ၍ လွှတ်ကျောင်း တိရစ္ဆာန်များအား ဖမ်းဆီး
အရေးယူနိုင်ရေး ဒေသခံများက လိုလားကြောင်း သိရှိရသည်။


No comments:
Post a Comment