" ရသပေါ်လွင် သရုပ်ဆောင် လွင်ပြင်
" ပြိုင်ပွဲ ကနေ အနုပညာ လောကထဲ ကို ၀င်ရောက်ခဲ့တဲ့ သီရိရှင်းသန့် ကို တခဏတာ တွေ့ဆုံ
မေးမြန်းခဲ့ပါတယ်။
သီရိရှင်းသန့် ရဲ့ အနုပညာ အပေါ် ထားရှိတဲ့
ခံယူချက် ၊ ရပ်တည်ချက် တွေက ယုံကြည်မှု မနက်ဖြန် အတွက် ဘယ်လိုများ ဖြစ်ချင် တာလဲ ဆိုတော့
" သီရိက အနုပညာ အလုပ်ကို ၀ါသနာ ပါတယ် ၊ တန်ဖိုးလည်း ထားတယ် ၊ နေရာ တစ်ခု ရချင်တယ် ၊ အောင်မြင်အောင် လုပ်ချင်တယ်
၊ အဲ့ဒီ အတွက်လည်း တစ်စိုက် မတ်မတ် ကြိုးစားတယ် .... " " ကိုယ်ဖြစ်ချင်တဲ့
ဆန္ဒ ရည်ရွယ်ချက် တွေကိုတော့ အပျက် မခံပါဘူး ၊ အဆုံးအထိ ရောက်အောင် ကြိုးစား သွားမှာပါ
၊ အနုပညာ လောကမှာ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံက လွယ်တော့ မလွယ်ဘူး ၊ ဒီလောက ထဲကို အစိမ်းသက်သက်
ဝင်လာ ရတာပေါ့နော် ၊ အဓိက အဆက်အသွယ် မရှိဘူး ၊ အနုပညာ မျိုးရိုးလည်း မရှိတဲ့ အခါကျတော့
ကိုယ့်ဟာကိုယ် လမ်းဖောက် ရတာပေါ့ ... " ဟု ပြောပြ ပေးခဲ့ပါတယ်။
သီရိရှင်းသန် က ဓာတ်ပုံ မော်ဒယ်လ်အဖြစ်
အနုပညာ လောကထဲမှာ စတင် လုပ်နေရင်း ၊ ဗီစီဒီ တွေ ၊ နိုင်ငံတော် အကျိုးပြု ဇာတ်လမ်းတွေ
ရိုက်ကူး ခဲ့ပြီး ရွှေဘုတ်ဆုံ ကြော်ငြာ ကနေ လူသိများလာ ၊ ပရိသတ် လက်ခံတဲ့ သီရိရှင်းသန့်
ဖြစ်လာ ခဲ့တာပါ။ သီရိရှင်းသန့် က ပရိသတ် အတွက် အမြဲတမ်း ဖြစ်စေချင် နေတာကတော့
" ပရိသတ် ဖြစ်စေချင်တဲ့ အနုပညာ အောင်မြင်မှု ရရှိအောင် အမြဲ ကြိုးစား နေပါတယ်
.... " လို့လည်း ပြောထား ပါသေးတယ်။
သီရိရှင်းသန့် က တရုတ် - မြန်မာ ချစ်ကြည်ရေး
အတွက် သရုပ်ဆောင် အဖြစ် တရုတ် ဇာတ်လမ်းတွဲ အပိုင်း ၄၀ အတွက် အသံ သရုပ်ဆောင်လည်း လုပ်ထား
ပါသေးတယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ဆီဒိုးနား မှာ အသံ သရုပ်ဆောင်မှု နဲ့ ပတ်သက်ပြီး
ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ တွေကိုလည်း ပရိသတ်တွေကို ပြန်လည် မျှဝေပေး အုန်းမယ်လို့
အမှာစကား ပါးလိုက်ပါတယ်။
(မက်ဆင်းဂျာ)
No comments:
Post a Comment