Social Icons

Pages

Wednesday, June 5, 2013

မော်ဒယ်လ် ဆုမြတ်စန္ဒီလင်း နှင့် ခဏတာ

၅-၆-၂၀၁၃

ယနေ့ ခေတ်စားနေတဲ့ ကိုရီးယား မင်းသမီးငယ် များလို ဖြူစင်တဲ့ အသားအရေ ၊ ချစ်စဖွယ် ရုပ်သွင် နဲ့ Show ပွဲ တော်တော် များများမှာ ထူးထူးခြားခြား ပေါ်လွင်နေပြီး ရုပ်/သံ အစီအစဉ် တွေမှာလည်း မကြာခဏ တွေ့မြင် နေရတဲ့ ဆုမြတ်စန္ဒီလင်း နဲ့ ခဏတာ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ ပါတယ်။

( လတ်တလော ညီမရဲ့ အနုပညာ လှုပ်ရှားမှုလေး သိချင်ပါတယ် )

ဒီရက်ပိုင်း ညီမ မြ၀တီ ရုပ်မြင်သံကြား ရဲ့ ကဏ္ဍသစ် Quiz Box အစီအစဉ် ရိုက်ထား ပါတယ် ၊ MRTV-4 မှာ အစီအစဉ် ကဏ္ဍ လေးတွေ တော်တော် များများ ရိုက်ဖြစ် ပါတယ် ၊ တစ်နေ့ကပဲ Beauty Beauty Saloon မှ ကဏ္ဍလေး တစ်ခု ရိုက်ဖြစ် သေးတယ် ၊ ပြီးတော့ ဆိုင်ဖွင့်ပွဲတွေ တက်ဖြစ်တယ် ၊ ငွေဆောင် မှာ MTV တွေ VCD တွေ သွားရိုက်ဖို့ ကမ်းလှမ်း ထားတာ ရှိပါတယ် ၊ သေတော့ မသေချာ သေးပါဘူး ၊ မိုးတွင်းဆိုတော့လေ ...

( အနုပညာ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ညီမရဲ့ ၀ါသနာက )

ညီမ အဓိက Photo Model ကို ပိုအားသန် တယ် ၊ Photo Model အနေနဲ့ Fashion ကျကျ ၀တ်စားပြီး ဓာတ်ပုံ ရိုက်ခံ ရတာကို ပျော်တယ် ၊ ဒါကြောင့် အင်တာနက် ကနေ ဓာတ်ပုံတွေ အမြဲ လေ့လာတယ် ၊ သရုပ်ဆောင် တစ်ယောက် ဖြစ်ဖို့ ကတော့ လေ့လာမှု အပိုင်းမှာ တော်ရုံနဲ့ မရသလို ဘ၀နဲ့ ချီပြီး ခံယူချက်တွေ ပြင်းပြဖို့ လိုအပ်တယ် ၊ ဒီအလုပ်က ဟိုမရောက် ဒီမရောက် လည်း လုပ်လို့ မရဘူးလေ ၊ ဒါကြောင့် လတ်တလော အခြေအနေ တစ်ခုမှာတော့ သရုပ်ဆောင် တစ်ယောက် လုပ်ဖို့ အဆင်သင့် မဖြစ်သေး ပါဘူ ...

( ဒါဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားနဲ့ မော်ဒယ်လ် တစ်ယောက် အဖြစ် ရပ်တည် နိုင်ပြီလား )

ဈေးကွက် အနေနဲ့ ဆိုရင်တော့ ရပ်တည်ဖို့ အခြေအနေ မပေးနိုင် သေးပါဘူး ၊ သိပ် မကျယ်ပြန့် သေးဘူး ပေါ့နော် ၊ တစ်ချို့ တလေ ကတော့ Model only တစ်ခုတည်း နဲ့ ရပ်တည် နေကြတာ တွေရှိပါတယ် ၊ မကြာတော့တဲ့ ကာလ တစ်ခုမှာတော့ ဖြစ်လာ နိုင်မှာပါ ၊ ဘာလို့လဲ ဆိုတော့ ညီမတို့ ရှေ့မှာတင် အခု တစ်နှစ် နှစ်နှစ် အတွင်းကို မော်ဒယ်လ် လောက တိုးတက် ပွင့်လင်း လာသလို လူငယ် တွေကလည်း အရင်ကလို ၀ါသနာရှင် အဆင့်နဲ့ တင် ရပ်မနေ ကြတော့ဘဲ အလုပ် တစ်ခုကို လုပ်ကိုင်ဖို့ ရွေးချယ် လာတာ တွေ့ရပါတယ် ... ။


စန္ဒာအောင် (မြစ်ဆုံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...