Social Icons

Pages

Tuesday, May 14, 2013

Yangon ICT Fair 2013 ပြပွဲကြီး တပ်မတော်ခန်းမ၌ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၅-၂၀၁၃

Yangon ICT Fair 2013 ကွန်ပျူတာ နှင့် မိုဘိုင်းလ် နည်းစနစ်သုံး ပစ္စည်းပြပွဲ ကြီးကို ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ဒဂုံမြို့နယ် ၊ ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ IT နှင့် Mobile ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေး လုပ်ငန်းရှင်များ ၊ ကျောင်းသား လူငယ်ထု များနှင့် ဆက်စပ်မှု ၊ အီလက် ထရောနစ် ပစ္စည်းများ ၊ ဆက်သွယ်မှု နည်းပညာ များ ၊ မိုဘိုင်းလ် နည်းစနစ်များ ၊ ဆော့ဖ်ဝဲလ် နည်းပညာ များကို လေ့လာနိုင်ပြီး ကုမ္ပဏီပေါင်း ၅၇ ခုမှ ပြခန်းပေါင်း ၁၆၀ ခန်းကို ပြည်သူများ လေ့လာ ကြည့်ရှုရန် ရန်ကုန်တိုင်း ကွန်ပျူတာ အသင်းကြီးမှ ကြီးမှူး၍ ပြသသွားမည် ဖြစ်ရာ ယင်းပြပွဲတွင် CD အရောင်းဆိုင် ၊ စာအုပ်ဆိုင်များ ၊ Software & Website များ ၊ Projector များ ၊ Networking များ ၊ Electric Dictionary များနှင့် ရုပ်သံလိုင်း များကို ပြသ၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Yangon ICT Fair 2013 ပြပွဲကို မေလ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ တပ်မတော် ခန်းမတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသ သွားမည်ဖြစ်၍ လာရောက် ကြသည့် ပရိသတ်များကို ကွန်ပျူတာ အသင်းကြီးမှ ကံစမ်းမဲများ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...