Social Icons

Pages

Tuesday, May 14, 2013

GPS စနစ်တပ်ဆင် မောင်းနှင်သည့် ကားများနေရယူလာ




ရန်ကုန် ၊ ၁၄-၅-၂၀၁၃

ပြည်ပမှ ၀င်ရောက်လျက် ရှိသည့် TV Screen ပါရှိသည့် ကားများ၌ တရုတ်နိုင်ငံ နည်းပညာ ဖြင့် မြန်မာပြည် လမ်းပြ မြေပုံ GPS စနစ် ထည့်သွင်း အသုံးပြုမှု များလာကြောင်း ကားဈေးကွက် အတွင်းက သိရသည်။ ဂျပန်နိုင်ငံ မှ တင်သွင်းသော ကားများသည် ဂျပန်နိုင်ငံ မြေပုံ ပါလာကြောင်း ၊ တရုတ်နိုင်ငံ ထုတ် GPS သည် မြန်မာပြည် မြေပုံ ပါခြင်းကြောင့် အဆင်ပြေကြောင်း သိရသည်။ အဆိုပါ GPS စနစ် တပ်ဆင် ထားခြင်းဖြင့် သွားလာမှု အတွက် အထောက်အကူ ဖြစ်ခြင်း ၊ ကားပျောက်ဆုံး နေမှုကို ရှာဖွေ နိုင်ခြင်း နှင့် အခြားသော အားသာချက် များလည်း ရှိကြောင်း ၊ ထို Polar Star Car Navigation GPS စနစ်ကို Technomation က ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရှိ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် အစရှိသည့် မြို့ကြီးများ၏ မြေပုံအသေးစိတ် ပါရှိပြီး ကျန် ပြည်နယ် နှင့် တိုင်းဒေသကြီး များ၏ အဓိက ( လမ်းအူကြောင်း ) လမ်းမကြီး များသာ ပါရှိသည်ဟု သိရသည်။ ထိုစနစ်ကို ပြည်တွင်း၌ လွယ်ကူစွာ အသုံးပြု နိုင်ရန် မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပြီး TV Screen ပါရှိသော ကားများတွင် ပစ္စည်း နှင့် တပ်ဆင်ခ အပါအ၀င် ကျပ် ၂ သိန်း ၂ သောင်း ကုန်ကျ နိုင်ပြီး TV Screen မပါရှိသော ကားများတွင်လည်း TV Screen ၀ယ်ယူ တပ်ဆင် နိုင်ကြောင်း သိရသည်။ GPS စနစ် ပါရှိသော TV Screen ဈေးနှုန်းမှာ ၄ ဒသမ ၃ လက်မ အရွယ်အစား မှာ ကျပ် ၇၇၀၀၀ နှင့် ၇ လက်မ အရွယ်အစား မှာ ကျပ် ၁၆၀၀၀၀ ဈေးရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...