Social Icons

Pages

Wednesday, May 8, 2013

ရေမြှုပ်မိုင်း တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်းအတွက် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ရေတပ်ဖွဲ့များ ဘာရိန်းနိုင်ငံတွင် စုဝေးရောက်ရှိ



၈-၅-၂၀၁၃

နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ရေတပ်ဖွဲ့ များသည် လာမည့် ရက်သတ္တပတ် အတွင်း စတင်မည့် ရေမြှုပ်မိုင်း ရှင်းလင်းရေး စစ်ရေး လေ့ကျင့်ခန်း အတွက် ကြိုတင် ပြင်ဆင်မှု ပြုလုပ်ရန် မေလ ၆ ရက်နေ့က ဘာရိန်း နိုင်ငံတွင် စုဝေး ခဲ့ကြကြောင်း ပင်လယ်ကွေ့ ဒေသရှိ အမေရိကန် အမှတ် ၅ ရေယာဉ်အုပ် က ကြေညာချက် တစ်စောင် ထုတ်ပြန် ဖော်ပြ ခဲ့သည်ဟု သိရသည်။ အဆိုပါ နိုင်ငံတကာ ရေမြှုပ်မိုင်း တန်ပြန် တိုက်ဖျက်ရေး လေ့ကျင့်ခန်း IMCMEX သည် ဒေသတွင်းတွင် အကြီးမားဆုံး လေ့ကျင့်ခန်း ဖြစ်ကြောင်း ၊ နိုင်ငံတကာ ကုန်သွယ် ရေကြောင်းအား ကာကွယ်ရန် စီမံ ရေးဆွဲ ထားသော ကာကွယ်မှု ဆိုင်ရာ စစ်ဆင်ရေး များ ၊ ရေမြှုပ်မိုင်း တန်ပြန် တိုက်ဖျက်မှု များ ၊ ပင်လယ်ပြင် လုံခြုံရေး ဆိုင်ရာ စစ်ဆင်မှု များနှင့် ပင်လယ်ပြင် ရေကြောင်း သွားလာမှု ဆိုင်ရာ အခြေခံ အဆောက်အအုံ များအား ကာကွယ်ခြင်း တို့ကို လေ့ကျင့် သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ ရေပိုင်နက် များအတွင်းရှိ ပင်လယ် ရေကြောင်း သွားလာမှု လွတ်လပ်ခွင့် အား ထိန်းသိမ်းရန် ၊ နိုင်ငံတကာ ရေတပ်ဖွဲ့ စွမ်းရည်ကို တိုးမြှင့် သွားရန် ရည်ရွယ်ကြောင်း ပင်လယ်ကွေ့ ဒေသရှိ အမေရိကန် ရေတပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Johin Miller က ပြောကြား ခဲ့သည်။

မေလကုန် အထိ ပြုလုပ်မည့် ၄င်း စစ်ရေး လေ့ကျင့်ခန်း တွင် သင်္ဘော ၃၅ စီး ၊ မောင်းသူမဲ့ ရေငုပ်ယာဉ် ၁၈ စီး နှင့် ရေအောက် ဖောက်ခွဲ ဖျက်ဆီးရေး ပစ္စည်း ဖယ်ရှားရေး ရေငုပ်သမား ၁၀၀ ကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ IMCMEX လေ့ကျင့်ခန်း ကို ၂၀၁၂ ခုနှစ် အတွင်းတွင် အီရန် က ဟော်မုဇ် ရေလက်ကြား အား ပိတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သော အချိန်က ပထမအကြိမ် ပြုလုပ် ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...