Social Icons

Pages

Wednesday, May 8, 2013

ဗုဒ္ဓခြေတော်စုံ လှူဒါန်းပူဇော်မှု သြ၀ါဒ ခံယူပွဲကျင်းပ



တောင်ကြီး ၊ ၈-၅-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၊ စူဠာမုနိ လောက ချမ်းသာ စေတီတော် မြတ်ကြီး၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပန်းဆေးရွာ ကျောင်း ဆရာတော် ဘဒ္ဒန္တ သိနယ သာရ ၏ ဗုဒ္ဓ ခြေတော်စုံ လှူဒါန်း ပူဇော်မှု သြ၀ါဒ ခံယူခြင်း အခမ်းအနား ကို မေလ ၆ ရက်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့ စူဠာမုနိ လောက ချမ်းသာ ဘုရားရင်ပြင် ၌ ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ် သံဃာ နာယက ဥက္ကဋ္ဌ နှင့် အကျိုးတော်ဆောင် ဆရာတော်များ ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် စာရင်းစစ်ချုပ် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်နယ် သာသနာရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိ သူများ ၊ စူဠာမုနိ လောက ချမ်းသာ ဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် နမောတဿ ဗုဒ္ဓ၀န္ဒနာ ဂါထာတော် ဖြင့် ၃ ကြိမ် ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂ မဟာပဏ္ဍိတ မဟာ ကမ္မဌာနာ စရိယ စွန်းလွန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မ ဘိဝံသ မှ သြ၀ါဒ စကား မိန့်ကြား တော်မူသည်။ ဆက်လက်၍ ဘဒ္ဒန္တ ၀ိနယ သာရ မှ ဗုဒ္ဓ ခြေတော်စုံ လှူဒါန်း ပူဇော်နိုင်ရန် သမ္ဗောဒနိယ ကတာ ( နှစ်သက် ၀မ်းမြောက်ဖွယ် ) များ မိန့်ကြား တော်မူသည်။

ထို့နောက် ဆရာတော် အရှင် သူမြတ်များက မဟာ သမယသုတ် ပရိတ်တော် များ ရွတ်ပွား ချီးမြှင့် တော်မူကြပြီး စူဠာမုနိ လောက ချမ်းသာ စေတီတော် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်း က ဘက်စုံ ပြုပြင် တည်ဆောက်မှု အခြေအနေ များအား ဆရာတော် ကြီးထံ လျှောက်ထား တင်ပြသည်။ ဆက်လက်၍ နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂ မဟာပဏ္ဍိတ မဟာ ကမ္မဌာနာ စရိယ စွန်းလွန်း ကျောင်းတိုက် ဆရာတော် ကြီးနှင့် ပန်းဆေးရွာ ကျောင်းဆရာတော် တို့က လိုအပ်သည် များအား သြ၀ါဒ ပြန်လည် မိန့်ကြားပြီး ဆရာတော် ကြီးများ နှင့် ပြည်နယ် ၀န်ကြီးချုပ် တို့က ဗုဒ္ဓ ခြေတော်စုံ ပူဇော်ခံမည့် နေရာများအား လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...