Social Icons

Pages

Friday, May 17, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်သွား



နေပြည်တော် ၊ ၁၇-၅-၂၀၁၃

ယမန်နေ့ညနေပိုင်း တိုင်းထွာချက် များအရ ဆိုက်ကလုန်း မုန်တိုင်း မဟာစင် သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော် ၀င်ရောက် ခဲ့ပြီး ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားလျက် တဖြည်းဖြည်း အားပျော့ ပျက်ပြယ် သွားမည်ဟု ခန့်မှန်း ထားကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ် အတွင်း ယမန်နေ့ နံနက်ပိုင်း မှ ည ၇ နာရီအထိ သာမန် လေပြင်း တိုက်ခတ်ကာ မိုးရွာသွန်းမှု အခြေအနေ သာဖြစ်ပေါ် ခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း ၊ လူ ၊ တိရစ္ဆာန် သေဆုံး - ပျောက်ဆုံး - ဒဏ်ရာ ရရှိမှု မရှိကြောင်း ရခိုင် ပြည်နယ် အစိုးရ ထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...