Social Icons

Pages

Showing posts with label လှည့်ကင်းဆောင်ရွက်. Show all posts
Showing posts with label လှည့်ကင်းဆောင်ရွက်. Show all posts

Tuesday, April 2, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

-
နေပြည်တော်  ဧပြီ  ၁ 
-
မောင်တောမြို့နယ်  နယ်မြေ(၇)  မကျီးချောင်း ချောင်းဝကင်းစခန်းမှူး ဒုတိယရဲမှူး နိုင်အောင်သူ ဦးစီးသည့် တပ်ဖွဲ့ ဝင်များသည် မတ် ၃ဝ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက် ရေးရေယာဉ် အမှတ်(ဝဝ၅)ပါနှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂)နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md.  Mukter  Ali ဦးဆောင်သည့် အဖွဲ့ကစက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်းလေးစင်းတို့ဖြင့် နတ်မြစ်ကြောင်း အတိုင်း အောင်ဗလ ချောင်းဝထိပ် ရေမိုင်(၅) အနီးသို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ကြသည်။
 -
ယင်းနောက် ရေယာဉ်အမှတ် (ဝဝ၅)ပေါ်၌ နှစ်ဖက်ကင်း လှည့်သည့် အဖွဲ့များ   တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။    
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 22, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ ၂၁ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နယ်မြေ(၅)အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲငါးခူရနယ်မြေရုံးမှ ယာယီရဲမှူးကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ  ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝဝ၄)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂)နယ်ခြားစောင့်တပ် Nila ကင်းစခန်းမှ Noyeb Subedar Md Shajahan Ali  ဦးဆောင်သည့်အဖွဲ့က  စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့ဖြင့်  စပါယ်ပင်ရင်းချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်းဝထိပ်အနီး  ရေမိုင်အမှတ်(၁၅)ထိနတ်မြစ်ကြောင်းအတိုင်းနှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝဝ၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။           
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 11, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက် ညှိနှိုင်း လှည့်ကင်း ဆောင်ရွက်

-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၆) ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက် ရေးရေယာဉ် အမှတ်(ဝဝ၅)ပါနှစ်စင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Taknaf ကင်းစခန်းမှ  Subedar Md. Yousuf  Ali ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ယမန်နေ့နံနက်ပိုင်းက ရေမိုင်အမှတ်(၅)အနီး ကညင်ချောင်း ချောင်းဝထိပ်မှလှည့်ကင်း ဆောင်ရွက်ခဲ့ရာ ရေမိုင်အမှတ်(၆)အနီး ပြင်ဖြူချောင်းဝထိပ်သို့ရောက်ရှိခဲ့ပြီးနှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်



နေပြည်တော် အောက်တိုဘာ ၁
-
မောင်တောမြို့နယ် နယ်မြေ(၁) ဗန္ဓုလရဲကင်း စခန်းမှ ရဲမှူးဇော်လင်းအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၃ဝ ဦး၊ စကားပြန် တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Targuchara ကင်းစခန်းမှ Naib Subedar Md. Nurul Haque ဦးဆောင်သော အဖွဲ့တို့သည်   ယမန်နေ့ နံနက် ၆ နာရီ မိနစ် ၃ဝ မှ ၉ နာရီ ၁ဝ မိနစ်အချိန်ထိ   မိမိတို့နိုင်ငံ အသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း   နယ်နိမိတ် မှတ်တိုင် (၅၄)မှ (၅၅) အထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...