Social Icons

Pages

Showing posts with label ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ. Show all posts
Showing posts with label ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ. Show all posts

Thursday, August 22, 2013

2014 Brasil FIFA WORLD CUP ဘောလုံးပွဲ လက်မှတ် ၀ယ်လိုကြောင်း လျှောက်ထားသူ တစ်သန်းကျော်ရှိ


၂၂-၈-၂၀၁၃

ဘရာဇီးနိုင်ငံ တွင် ၂၀၁၄ ခုနှစ်၌ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်မှတ်များကို စရောင်းစဉ် ပထမ ၇ နာရီအတွင်း ၀က်ဘ်ဆိုက်ပေါ် မှ လက်မှတ်များ ၀ယ်ယူလိုကြောင်း လျှောက်ထားသူ တစ်သန်းကျော် ရှိသည်ဟု ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA က ပြောကြားကြောင်း သြဂုတ်လ ၂၁ ရက်တွင် ဘီဘီစီ သတင်းတစ်ပုဒ် အရ သိရသည်။

လက်မှတ် ၀ယ်လိုသူ အများစုတွင် ဘရာဇီးနိုင်ငံ သားများအပြင် ၊ အာဂျင်တီးနား ၊ အမေရိကန် ပြည်ထောင်စု ၊ ချီလီ နှင့် ဗြိတိန် နိုင်ငံတို့က ဘောလုံး ၀ါသနာအိုး အများဆုံး ပါဝင်ကြောင်း လည်း သိရသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ကျင်းပမည့် ဖွင့်ပွဲနှင့် ရီယိုဒီဂျနေးရိုးမြို့ က မာရာကားနား ဘောလုံးကွင်းကြီး ၌ ကစားမည့် ဗိုလ်လုပွဲ တို့သည် ပရိသတ် အများဆုံး အားပေး ကြမည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အားကစား ၀ါသနာရှင် ပရိသတ်များ အနေဖြင့် ယခုနှစ် အောက်တိုဘာလ ၁၀ ရက်အထိ ပွဲစဉ် လက်မှတ် များကို အွန်လိုင်းက တစ်ဆင့် ၀ယ်ယူ နိုင်ကြောင်း သိရှိရသည်။


<< http://www.fifa.com/worldcup/organisation/ticketing/index.html >> 

Related Posts Plugin for WordPress, Blogger...