
-
နေပြည်တော် ဧပြီ ၂
-
အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj Sharma ဦးဆောင်၍ အရာရှိ၊ စစ်သည်များ လိုက်ပါလာသော သုတေသန ရေယာဉ် INS Sagardhwani (A 74)သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှအရာရှိကြီးများနှင့်အရာရှိ၊ စစ်သည်များကကြိုဆိုနှုတ်ဆက်ကြသည်။
-
အဆိုပါရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Commander Anuj Sharma ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၂ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်အထိ ငါးရက်ကြာနေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment