Social Icons

Pages

Wednesday, April 3, 2019

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကြိုးတံတားများ  အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး
-
နေပြည်တော်  ဧပြီ  ၂ 
-
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးကွန်ကရစ်ခင်းရာတွင် အရည် အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးကျော်လင်းက အဆိုပါ လမ်းပေါ်ရှိ ပမ္မဝတီ တံတား(မြင်းကဆိပ်) ကြိုးတံတားကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ န်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။ 
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝါးခယ်မ-မရမ်းချောင်-မြောင်းမြလမ်းပေါ်၌ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၂)မှ ယခင်ကြိုးတံတားအနီးတွင် တံတားသစ် တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဌေးဦးက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းပန်း ဆက်သွယ်ရေး မပြတ် တောက်စေရေး လက်ရှိ ကြိုးတံတား ခံနိုင်ဝန် သတ်မှတ်ချက်အတိုင်းမော်တော်ယာဉ်ငယ်များဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ယာဉ်များကို ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းခွင့်ပြုရန်မှာကြားသည်။ 
-
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်တွင် တံတားဦးစီးဌာန တံတားအထူး အဖွဲ့(၁၅)က  ဝါးခယ်မကြိုးတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့်  စီမံကိန်းသို့ ရောက် ရှိပြီး ဘိုးပိုင် လုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယခုအခါ ဝါးခယ်မတံတားမှ ပင်မတံတား ကြိုးဆိုင်းများနှင့် ကြမ်းခင်း ဘေလီများ ဖြုတ်သိမ်းပြီးဖြစ်၍ ရေလယ်ဘိုးပိုင် လုပ်ငန်း များဆောင်ရွက်ရန်အတွက် သံဆင်ခြင်း၊ Stand Pipe များချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်- ရွှေလောင်း- ဝါးခယ်မ လမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့် မြှင့်တင် ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးကဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်း ပေါ်ဒေသ   လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းတွင်ပါဝင်သော  တည်ဆောက်ပြီးတံတားများ၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် တံတားများနှင့်ဆက်လက်ဆောင်ရွက်မည့် တံတားများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရန် အတွက် ဆောင် ရွက်ထားရှိသည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
-
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွား ပြည်သူများ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက် စေရေးအတွက်ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
-      
(သတင်းစဉ်) 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...